ပိုက်ဆံရှင်းခါနီး အကြွေတွေပဲရှိတော့တဲ့ မင်းသမီး နန္ဒာလှိုင်

အကယ်ဒမီဆုရှင် မင်းသမီး နန္ဒာလှိုင်ဟာ အရင်ခေတ်က ဒိတ်ဒိတ်ကြဲ မင်းသမီး တစ်ဦးပါဇေကမ္ဘာဦးခင်ရွှေရဲ့ ချွေးမမှန်း လူတိုင်း သိပြီးသားဖြစ်မှာပါဇေကမ္ဘာဦးခင်ရွှေက မျက်ရည်ကျနေရသည့် လုပ်ငန်းရှင်များရှိကြောင်း နဲ့ သူကိုယ်တိုင်လည်း ညဘက်အိပ်မပျော်ကြောင်း ပြောကြားခဲ့သူ ဖြစ်သည် အခုလည်း ချွေးမ မင်းသမီးက အကြွေများသာရှိတဲ့ သူမ၏ ပိုကိဆံအိပ်ပုံကို ပြထားခဲ့ပါတယ် လူအများစုနဲ့ နိုင်ငံရေးသမား အချို့ ၎င်းတို့အတွကိ Troll posts  များဖြင့် လှောင်ပြောင်နေကြပါတယ် ၎င်းတို့ မိသားစုသည် ယခင်က မြန်မာငွေ သိန်းပေါင်း ၆၀၀၀ လှူဒါန်းနိုင်ကြပြီး ပိုင်ဆိုင်မှုကတော့ ဒေါ်လာ ဘီလျံနဲ့ချီ ချမ်းသာပါတယ်

ပိုက်ဆံရှင်းခါနီး အကြွေတွေပဲရှိတော့တဲ့ မင်းသမီး နန္ဒာလှိုင်

အကယ်ဒမီဆုရှင် မင်းသမီး နန္ဒာလှိုင်ဟာ အရင်ခေတ်က ဒိတ်ဒိတ်ကြဲ မင်းသမီး တစ်ဦးပါ ဇေကမ္ဘာဦးခင်ရွှေရဲ့ ချွေးမမှန်း လည်း ဖြစ်ပါတယ် ဇေကမ္ဘာဦးခင်ရွှေက မျက်ရည်ကျနေရသည့် လုပ်ငန်းရှင်များရှိကြောင်း နဲ့ သူကိုယ်တိုင်လည်း ညဘက်အိပ်မပျော်ကြောင်း ပြောကြားခဲ့သူ ဖြစ်သည် အခုလည်း ချွေးမ မင်းသမီးက အကြွေများသာရှိတဲ့ သူမ၏ ပိုကိဆံအိပ်ပုံကို ပြထားခဲ့ပါတယ် လူအများစုနဲ့ နိုင်ငံရေးသမား အချို့ ၎င်းတို့အတွကိ Troll posts  များဖြင့် လှောင်ပြောင်နေကြပါတယ် ၎င်းတို့ မိသားစုသည် ယခင်က မြန်မာငွေ သိန်းပေါင်း ၆၀၀၀ လှူဒါန်းနိုင်ကြပြီး ပိုင်ဆိုင်မှုကတော့ ဒေါ်လာ ဘီလျံနဲ့ချီ ချမ်းသာပါတယ်

သင့်ရဲ့ ဝမ်းပုံစံအရ ကျန်းမာရေးအခြေအနေ ကြည့်ရအောင်

🚻ဝမ်းက အရမ်းမာပြီး ကျောက်စရစ်ခဲတွေလို ဖြစ်နေတယ် ဆိုရင်တော့ ကြာရင် လိပ်ခေါင်း စအိုကွဲနာ နဲ့ အူမကြီး ကင်ဆာတွေ ဖြစ်လာနိုင်ပါတယ်အဲ့ဒီလို မဖြစ်အောင် တစ်နေ့ကို ရေ ၂ လီတာ လောက်သောက်ပါကန်စွန်းရွက်နဲ့ သရက်သီး ကဲ့သို့ အမျှင်ဓါတ်ပါတဲ့ အစားအသောက် များများ စားပါ 🚻အညိုရောင် (သို့) အဝါရောင်ရှိ မမာ မပျော့ ဝမ်းကျနးမာရေးကောင်းတဲ့ ပုံမှန် ဝမ်သွားပုံပါ 🚻အနားသတ်ထင်ရှားပေမယ့် နည်းနည်းပျော့တဲ့ဝမ်းဝမ်းနည်းနည်းပျော့တဲ့အပြင် ဝမ်းသွားပြီး မောနေတယ်ဆိုရင် အစားအသောက်မသန့်ရှင်းမှုကြောင့် ဝမ်းကိုက်ပိုးဝင်နေတာဖြစ်ပါတယ် ဆေးခန်း သွားသင့်ပါတယ် လိုအပ်ရ် ဆေး အနည်းဆုံး ၃ရက်သောက်ရပြီး ဓါတ်ဆားငန်ကို မဖြစ်မနေ  သောက်သင့်ပါတယ်ပိုတက်စီယမ် ကြွယ်ဝပြီး အမျှင်ဓါတ်ပါတဲ့ ဌက်ပျောသီးကို စားသင့်ပါတယ်ကော်လဂျင် နည်းနေရင်လည်း ဒါမျိုးဖြစ်တတ်ပါတယ် 🚻အနားသတ် မသဲကွဲတဲ့ …

နေခြည်ဦးကို ကဗျာဆန်ဆန် တောင်းပန်လိုက်တဲ့ အောင်နွေဦး

Beauty blogger အဖြစ်နဲ့ရော မင်းသမီးအနေနဲ့ပါ နာမည်ရလာတဲ့ နေခြည်ဦးဟာ သူ့ချစ်သူအောင်နွေဦးနဲ့ ပြတ်ဆဲလိုက် ပြန်ချစ်လိုက် ဖြစ်တာ ၂ ကြိမ်မြောက်ရှိပါပြီ သူတို့၂ဦးဟာ အရမ်း လိုက်ဖက်ညီတဲ့ Celebrity စုံတွဲပဲ ဖြစ်ပါတယ် ယနေ့မှာတော့ ကိုအောင်နွေဦးက သူ့ချစ်သူကို နောက်ထပ် နာကျင်အောင် မလုပ်တော့ဘူးလို့ ကတိပေးပြီး ပြန်တွဲချင်နေပါတယ် ဖြစ်ပါတယ် ချီချီလေးကတော့ သူ့ကို အမြဲနားလည် ခွင့်လွှတ်ပေးကြောင်းလည်းပြောထားပါတယ် အောင်နွေဦးကတော့ မန္တလေးက Dose ဘား  ပိုင်ရှင်ပဲ ဖြစ်ပါတယ်

အပြင်သင်တန်းဆင်း သူနာပြုအကူများအား သူနာပြုဟန်ဆောင်ပါက ထောင်ချအရေးယူရန် လှုံ့ဆော်သူပေါ်လာ

သူနာပြုယူနီဖောင်းနဲ့ မြင်တိုင်း သူနာပြု အစစ်လို့ မထင်ကြဖို့ပါတဲ့။ အိမ်အကူဟာ အိမ်ရှင်မ မဟုတ်သလို သူနာပြုနဲ့ သူနာပြုအကူ တန်ဖိုးချင်းကွာခြားတယ် လို့ပြောပါတယ်။ သူနာပြုမှာ ဒီပလိုမာအဆင့် သူနာပြုတစ်ယောက်ဖြစ်ဖို့ (၃)နှစ်၊ သူနာပြုသိပ္ပံဘွဲ့ရ သူနာပြုတစ်ယောက်ဖြစ်ဖို့ (၄)နှစ်၊ ဘွဲ့လွန်အဆင့် သူနာပြုမဟာသိပ္ပံဘွဲ့ရ သူနာပြုတစ်ယောက်ဖြစ်ဖို့ စုစုပေါင်း အနည်းဆုံး (၆)နှစ်၊ ပါရဂူအဆင့် PhDဘွဲ့ရ သူနာပြုတစ်ယောက်ဖြစ်ဖို့ စုစုပေါင်း အနည်းဆုံး (၉)နှစ်ထိ သူနာပြုပညာရပ်တွေ လေ့လာဆည်းပူး သုတေသနတွေ လုပ်ရပါတယ်။ ရာထူးအားဖြင့် လုံချည်အနီရဲရဲဝတ် သူနာပြုကနေ ညွှန်ကြားရေးမှူးသူနာပြု အထိ ရာထူး Level တွေခွဲထားပါတယ်။  သူနာပြုကိုကူညီနိုင်ဖို့လောက်ပဲ ရည်ရွယ်ထားတဲ့  သူနာပြုအကူကတော့ (၁၀)တန်းအောင်သည်ဖြစ်စေ  မအောင်သည်ဖြစ်စေ တက်လို့ရပါတယ်။ အကူသင်တန်း (၁)လ၊ (၃)လ၊ (၉)လ စသည်ဖြင့်  နားလည်လွယ်တဲ့ …

မိသားစုဝင်သေလို့ ပူဆွေးနေသူတွေကိုမှ သိန်းထောင်ချီလိုက်လိမ်လည်နေတဲ့ ဆရာလေး

ဒေါပုံ-သာကေတနဲ့ သန်လျင်မြို့နယ်တစ်ဝိုက်မှာ ကျက်စားနေပါတယ်။ ပစ်မှတ်ကတော့ နာရေးဆိုင်းဘုတ်ချိတ်ထားတဲ့အိမ်တွေကိုပါ။ သူ့ဘာသူ ဝိဉာဉ်လောကနဲ့ အဆက်အသွယ်ရတယ်ဆိုပြီး ကျန်ရစ်သူမိသားစုဝင်တွေကို ယုံအောင်ပြောပါတယ်။ မိသားစုတွေကလည်း ချစ်နဲ့စိတ်နဲ့ မှန်မှန်/မမှန်မှန် မေးကြပါတယ်။ ပြီးရင်သေဆုံးသူရဲ့ဝိဉာဉ်က ကျန်တဲ့ပိုက်ဆံတွေကို အကုန်လှူခိုင်းတယ်ပြောပါလိမ့်မယ်။ လိမ်တာက ရယ်တော့ရယ်ရတယ်။ ဝိဉာဉ်ကို 3D ရုပ်လုံးကြွတောင် ဖော်နိုင်တယ်ဆိုပဲ။ ကိုဒီပရေဆိုပြီး ဝိဉာဉ်ဝင်ပူးခိုင်းတဲ့ ဟာသဇာတ်လမ်းတွဲထဲက စကားတွေပါ။ ဝိဉာဉ်က ငိုနေပါတယ်ဆိုပြီး သနားအောင်ပြောပါသေးတယ်။ သူ့ကိုလှူချင်အောင်ပေါ့။ မယုံတဲ့သူတွေက ကျောင်းလိပ်စာမေးတော့လည်း ဟိုလိုလို ဒီလိုလိုလုပ်နေတယ်။ ကျောင်းကို မလာပါနဲ့တဲ့။ ဝိဉာဉ်ဗေဒင်ဟောတာက ဝိနည်းနဲ့မညီလို့ပါဆိုပဲ။ မယ်သီလရှင်အသက်က ၅၀ ဝန်းကျင် ပိန်ပိန် အသားညိုညိုနဲ့ပါ။ လူဝတ်နဲ့တုန်းက အမျိုးသားကထားသွားလို့ သားတစ်ယောက်မွေးပြီးမှ သီလရှင်ဝတ်လိုက်သူပါ။ Video Fileရော ဖုန်းနံပါတ်ရောရှိပေမယ့် ကိုယ့်ကြောင့်သူတို့နစ်နာပါတယ်ဖြစ်နေမှာစိုးလို့ မတင်တော့ပါဘူး။ အလားတူဖြစ်ရပ်မျိုးဖြစ်လာရင်တော့ ရှောင်ကြပါနော်။

KBZဘဏ် နဲ့ CB ဘဏ်မှာ အိမ်ပေါင်ခံခြင်းကို ခဏရပ်နားထား

လွန်ခဲ့တဲ့ ၂ ပါတ်လောက်မှ အိမ်ပေါင်ခံတဲ့ ဝန်ဆောင်မှုကို ရပ်ဆိုင်းထားကြောင်းသိရပါတယ်။ KBZဟာ အရင်ကလုပ်ငန်းရှင်တွေတော်တော်များများကို ငွေထုတ်ချေးပေးခဲ့ပါတယ်။ ယခုမှာတော့ အသေးစားလုပ်ငန်းရှင်တွေက အိမ်ပိုင်ရှိတာတောင် ချေးငွေယူဖို့ခက်ခဲနေကြပါတယ်။ KBZဘဏ်က အကြွေးဝယ်ကဒ်တွေနဲ့အပေါင်ပစ္စည်းမပါပဲ ငွေချေးရာမှာလည်း Show Moneyပြနိုင်ပြီး မှတ်ပုံတင်နဲ့ဝင်ငွေအထောက်အထားပြည့်စုံမှသာ ထုတ်ချေးခဲ့ဖြစ်ပါတယ်။ အဲဒါကလည်း ငွေပမာဏ ပျမ်းမျှအားဖြင့် သိန်း ၃၀ ခန့်သာထုတ်ချေးတာပါ။ ငွေအမောင့်များများလိုချင်တယ်ဆိုရင်တော့ အိမ်ပေါင်ရပါတယ်။ ကြာချိန်က အနည်းဆုံး ၁ လ – ၂ လ လောက်စောင့်ဆိုင်းရပါတယ်။ ယခင်ထဲက ဘဏ်မှာအိမ်ပေါင်ပြီးငွေချေးတာက လွယ်ကူခြင်းမရှိပါ။ ဘဏ်မှကျွမ်းကျင်ဝန်ထမ်းတွေက နည်းမျိုးစုံနဲ့စစ်ဆေးကြတာပါ။ ယုံကြည်စိတ်ချရပြီး အင်မတန်ကျွမ်းကျင်ပြီးစေ့စပ်သေချာတဲ့သူများကိုသာ ကိုယ့်အစားအကျိုးဆောင်ဖို့ပြောသင့်ပါတယ်။ သာမာန်အိမ်ခြံမြေအရောင်းအဝယ်ထက် ပိုမိုခက်ခဲပါတယ်။ လူတိုင်းမလုပ်နိုင်ကြပါဘူး။ ဘဏ်ချေးငွေလျှောက်ထားရာတွင် (၁) အိမ်ဂရံမူရင်း(အဆောက်အဦးအပါ) (၂) မှတ်ပုံတင်မူရင်း (၃) သန်းခေါင်စာရင်းနဲ့ (၄) …

ရွံရှာဖွယ် ညစ်ပါတ်စွာပြင်ဆင်ပြီး အစားအသောက်ရောင်းလို့ ဝေဖန်ခံနေရတဲ့သူ

Koeနာမည်နဲ့ အစားအသောက်တွေဟာ ဈေးကိုတန်ရာတန်ကြေးတောင်းထားပေမယ့် သန့်ရှင်းလတ်ဆတ်မှုမရှိခဲ့ပါဘူး။ Onlineပေါ်ပျံ့နှံ့လာတဲ့ပုံမှာ ခွေးကိုတော့ လက်မှာချီထားပြီး စားသုံးသူတွေအတွက်ကတော့ ခြေနင်းကြမ်းခင်းပေါ်မှာ ပြန့်ကျဲနေအောင်ထားတာပါ။ ကုန်ကြမ်းအသီးအနှံတွေကလည်း ပုပ်ပွပျက်ဆီးနေတယ်လို့ ဝေဖန်သူတွေကပြောကြပါတယ်။ ဒီပုံတွေဟာ အကြွေးရှင်အမတစ်ယောက်က Video ရော ဓါတ်ပုံရော မကျေနပ်လို့တင်လိုက်တာဖြစ်ပါတယ်။ ကာယကံရှင်ကိုယ်တိုင်(Hein Zaw Nyo)ကလည်း ဝန်ခံပါတယ်။ ဖြေရှင်းချက်ကတော့ အိမ်ပြောင်းခါနီးလို့ပါတဲ့။ ဒီလောက် သက်သေအထောက်အထားရှိတာတောင် စားသုံးသူကာကွယ်ရေးဥပဒေနဲ့ မတိုင်ကြတဲ့စားသုံးသူတွေကတော့ သဘောကောင်းလွန်းနေသလားပဲ။ Hein Zaw Nyoဟာ Dr. Mya Wut Yeeရဲ့ Postအောက်မှာ “ရေခဲချောင်းစုပ်တယ်”လို့ Commentစရေးရာကနေ တရားစွဲခြင်းခံထားရသူပဲဖြစ်ပါတယ်။ ယခုအချိန်ထိ သူ့ရဲ့အကောင့်မှာ Dr. Mya Wut Yeeရဲ့ Videoတွေနဲ့ စောင်းမြောင်းဝေဖန်ထားတဲ့ Postတွေကို မကြာခဏတင်နေတဲ့သူပဲဖြစ်ပါတယ်။

စိတ်ပညာရှင်တွေပြောတဲ့ လိမ်ပြောနေမှန်းသိသာစေမယ့် လက္ခဏာများ

လိမ်ပြီဆိုတာနဲ့ အဲ့ဒီလူရဲ့နှလုံးခုန်နှုန်းနဲ့ဦးနှောက်ကလှိုင်းတွေက ပြောင်းလဲသွားပါတယ်။ အဲ့ဒါတွေကို မှုခင်းဖော်ထုတ်ရာမှာ အလိမ်ဖော်စက်နဲ့ အတိအကျတိုင်းတာလို့ရပါတယ်။ သာမာန်ပြောဆိုနေတဲ့ကိစ္စတွေမှာ အလိမ်ဖော်စက်မရှိလည်း ဒီအချက်တွေသုံးပြီး ခွဲခြားလို့ရပါတယ်။ (၁) စကားပြောရင်း မျက်လုံးကညာဘက်ကို ခဏခဏစောင်းကြည့်ခြင်း (၂) နှာခေါင်းကို မထင်မှတ်ပဲ ခဏခဏပွတ်မိခြင်း (၃) မျက်လုံး သို့မဟုတ် နှုတ်ခမ်းကို လက်နဲ့ကွယ်ခြင်း (၄) မျက်စိလွှဲခြင်း (၅) စကားရှေ့နောက်မညီဖြစ်ခြင်း (၆) ပြောရင်းနဲ့ ကြားမှာစဉ်းစားနေရလို့ စကားထစ်သွားခြင်း (၇) ပြောစကားနဲ့ မကိုက်ညီဘဲ လွန်ကဲတဲ့ ကိုယ်ဟန်အမူအရာရှိခြင်း (၈) စိတ်ဖိစီးမှုများပြီး လက်ကို အဆတ်မပြတ်လှုပ်ခြင်း (၉) စကားပြောရင်း လက်သည်းကို ငုံ့ကြည့်တတ်ခြင်း (၁၀) ဇွတ်အရမ်းရုပ်တည်ထားခြင်း (၁၁) ဘာမှလည်းမမေးပဲ ( ဈေးရောင်းသူလည်း မဟုတ်ပဲ) အသေးစိတ်လွန်လွန်ကဲကဲရှင်းပြနေခြင်း (၁၂) ပုံမှန်လေယူလေသိမ်းအသံပြောင်းသွားခြင်း …

နှလုံးအထူးကုဟန်ဆောင်သူကြောင့် ဒုက္ခရောက်ရသောလူနာများ

သာကေတမြို့နယ် မေ့ဆေးဘွဲ့ရဆရာဘုန်းမြင့်သည် ယခင်ကနှလုံးဆရာဝန်ဟု ဆိုင်းဘုတ်တပ်ကာ ဆေးခန်းဖွင့်ခဲ့သည်။ ယခုလည်း နှလုံးနဲ့အထွေထွေရောဂါကုဆေးခန်းဟူ၍ ဆေးခန်းဖွင့်ထားသည်။ ဘာကြောင့် မေ့ဆေးအထူးကုဟု အမှန်အတိုင်းမပြောသနည်း။ အကြောင်းအရင်းမှာ လူတော်တော်များများသည် နှလုံးရောဂါကို သူဌေးရောဂါအဖြစ်ကြွားချင်ကြသည်။ ဂရုစိုက်ခံချင်ကြသည်။ လူကြားကောင်း၍ သနားစရာကောင်းသောရောဂါမျိုးဖြစ်သည်။ နှလုံးရောဂါမရှိသောသူများကိုလည်း နှလုံးဆေးများပေးလို့ လူနာများ ဒုက္ခရောက်နေကြသည်။ ၄င်း၏ဆေးခန်းအကူ မလဲ့လဲ့မှာလည်း သွေးပေါင်ချိန်တာတောင်မှားသည်။ သာကေတမှရိုးသားသော အခြေခံလူတန်းစားများသည် ထိုဆရာ၏ဘွဲ့က အင်္ဂလိပ်လိုဆေးပညာ အသုံးအနှုံးဖြင့်ရေးထားသည်ကို မဖတ်တတ်ကြပေ။ မသင်္ကာလို့မေးမြန်းသောအခါ ဆရာဘုန်းမြင့်က နှလုံးဌာနမှာ အလုပ်လုပ်တဲ့မေ့ဆေးဆရာဖြစ်ကြောင်းပြောသည်။ မေ့ဆေးက မေ့ဆေးပင်ဖြစ်သည်။ သန့်ရှင်းရေးသမားရော နှလုံးဌာနမှာ အလုပ်လုပ်ရင် နှလုံးဆရာဝန်ဖြစ်လားသိချင်ပါတယ်။ မလိမ့်တပါတ်လုပ်တာတော့ မကောင်းပါဘူး။ ရိုးရိုးM.B.B.Sထဲမှာလည်း အကြောင်းအမျိုးမျိုးကြောင့် အထူးကုမဖြေပေမယ့် အထူးကုနီးပါးတော်သူတွေ ရှိပါတယ်။ အဓိကလိုအပ်တာက ရိုးသားမှုပါ။ ရိုးသားမှုမရှိရင်တော့ အရေးယူသင့်ပါတယ်။ တကယ်လို့ သင့်ပါသင် နှလုံးရောဂါရှိတယ်ထင်ပါက …

Design a site like this with WordPress.com
Get started