
Koeနာမည်နဲ့ အစားအသောက်တွေဟာ ဈေးကိုတန်ရာတန်ကြေးတောင်းထားပေမယ့် သန့်ရှင်းလတ်ဆတ်မှုမရှိခဲ့ပါဘူး။ Onlineပေါ်ပျံ့နှံ့လာတဲ့ပုံမှာ ခွေးကိုတော့ လက်မှာချီထားပြီး စားသုံးသူတွေအတွက်ကတော့ ခြေနင်းကြမ်းခင်းပေါ်မှာ ပြန့်ကျဲနေအောင်ထားတာပါ။ ကုန်ကြမ်းအသီးအနှံတွေကလည်း ပုပ်ပွပျက်ဆီးနေတယ်လို့ ဝေဖန်သူတွေကပြောကြပါတယ်။ ဒီပုံတွေဟာ အကြွေးရှင်အမတစ်ယောက်က Video ရော ဓါတ်ပုံရော မကျေနပ်လို့တင်လိုက်တာဖြစ်ပါတယ်။ ကာယကံရှင်ကိုယ်တိုင်(Hein Zaw Nyo)ကလည်း ဝန်ခံပါတယ်။ ဖြေရှင်းချက်ကတော့ အိမ်ပြောင်းခါနီးလို့ပါတဲ့။ ဒီလောက် သက်သေအထောက်အထားရှိတာတောင် စားသုံးသူကာကွယ်ရေးဥပဒေနဲ့ မတိုင်ကြတဲ့စားသုံးသူတွေကတော့ သဘောကောင်းလွန်းနေသလားပဲ။
Hein Zaw Nyoဟာ Dr. Mya Wut Yeeရဲ့ Postအောက်မှာ “ရေခဲချောင်းစုပ်တယ်”လို့ Commentစရေးရာကနေ တရားစွဲခြင်းခံထားရသူပဲဖြစ်ပါတယ်။ ယခုအချိန်ထိ သူ့ရဲ့အကောင့်မှာ Dr. Mya Wut Yeeရဲ့ Videoတွေနဲ့ စောင်းမြောင်းဝေဖန်ထားတဲ့ Postတွေကို မကြာခဏတင်နေတဲ့သူပဲဖြစ်ပါတယ်။
