KBZဘဏ် နဲ့ CB ဘဏ်မှာ အိမ်ပေါင်ခံခြင်းကို ခဏရပ်နားထား

လွန်ခဲ့တဲ့ ၂ ပါတ်လောက်မှ အိမ်ပေါင်ခံတဲ့ ဝန်ဆောင်မှုကို ရပ်ဆိုင်းထားကြောင်းသိရပါတယ်။ KBZဟာ အရင်ကလုပ်ငန်းရှင်တွေတော်တော်များများကို ငွေထုတ်ချေးပေးခဲ့ပါတယ်။ ယခုမှာတော့ အသေးစားလုပ်ငန်းရှင်တွေက အိမ်ပိုင်ရှိတာတောင် ချေးငွေယူဖို့ခက်ခဲနေကြပါတယ်။ KBZဘဏ်က အကြွေးဝယ်ကဒ်တွေနဲ့အပေါင်ပစ္စည်းမပါပဲ ငွေချေးရာမှာလည်း Show Moneyပြနိုင်ပြီး မှတ်ပုံတင်နဲ့ဝင်ငွေအထောက်အထားပြည့်စုံမှသာ ထုတ်ချေးခဲ့ဖြစ်ပါတယ်။ အဲဒါကလည်း ငွေပမာဏ ပျမ်းမျှအားဖြင့် သိန်း ၃၀ ခန့်သာထုတ်ချေးတာပါ။ ငွေအမောင့်များများလိုချင်တယ်ဆိုရင်တော့ အိမ်ပေါင်ရပါတယ်။ ကြာချိန်က အနည်းဆုံး ၁ လ – ၂ လ လောက်စောင့်ဆိုင်းရပါတယ်။

ယခင်ထဲက ဘဏ်မှာအိမ်ပေါင်ပြီးငွေချေးတာက လွယ်ကူခြင်းမရှိပါ။ ဘဏ်မှကျွမ်းကျင်ဝန်ထမ်းတွေက နည်းမျိုးစုံနဲ့စစ်ဆေးကြတာပါ။ ယုံကြည်စိတ်ချရပြီး အင်မတန်ကျွမ်းကျင်ပြီးစေ့စပ်သေချာတဲ့သူများကိုသာ ကိုယ့်အစားအကျိုးဆောင်ဖို့ပြောသင့်ပါတယ်။ သာမာန်အိမ်ခြံမြေအရောင်းအဝယ်ထက် ပိုမိုခက်ခဲပါတယ်။ လူတိုင်းမလုပ်နိုင်ကြပါဘူး။

ဘဏ်ချေးငွေလျှောက်ထားရာတွင် (၁) အိမ်ဂရံမူရင်း(အဆောက်အဦးအပါ) (၂) မှတ်ပုံတင်မူရင်း (၃) သန်းခေါင်စာရင်းနဲ့ (၄) လူတွေ့စစ်ဆေးမေးမြန်းမှုတွေ လုပ်ရပါတယ်။ အခြားအရေးကြီးတဲ့ Check Pointsတွေရှိပါသေးတယ်။ ကျွမ်းကျင်သူတွေက ပိုက်ဆံမပေးပဲ လုံးဝမပြောကြပါဘူး။ သွားမေးလည်း ဖုန်းဘေလ်ကုန်တာပဲအဖတ်တင်ပါလိမ့်မယ်။ အိမ်ပေါင်ပြီး လုပ်ငန်းလုပ်ရင်း အောင်မြင်ချမ်းသာသွားတဲ့သူတွေလည်း ရှိပါတယ်။ ချေးငွေကတော့ လုပ်ငန်းရှင်တိုင်းအတွက် မရှိမဖြစ်အခြေခံလိုအပ်ချက်တစ်ခုပါ။

Leave a comment

Design a site like this with WordPress.com
Get started