
သာကေတမြို့နယ် မေ့ဆေးဘွဲ့ရဆရာဘုန်းမြင့်သည် ယခင်ကနှလုံးဆရာဝန်ဟု ဆိုင်းဘုတ်တပ်ကာ ဆေးခန်းဖွင့်ခဲ့သည်။ ယခုလည်း နှလုံးနဲ့အထွေထွေရောဂါကုဆေးခန်းဟူ၍ ဆေးခန်းဖွင့်ထားသည်။ ဘာကြောင့် မေ့ဆေးအထူးကုဟု အမှန်အတိုင်းမပြောသနည်း။ အကြောင်းအရင်းမှာ လူတော်တော်များများသည် နှလုံးရောဂါကို သူဌေးရောဂါအဖြစ်ကြွားချင်ကြသည်။ ဂရုစိုက်ခံချင်ကြသည်။ လူကြားကောင်း၍ သနားစရာကောင်းသောရောဂါမျိုးဖြစ်သည်။
နှလုံးရောဂါမရှိသောသူများကိုလည်း နှလုံးဆေးများပေးလို့ လူနာများ ဒုက္ခရောက်နေကြသည်။ ၄င်း၏ဆေးခန်းအကူ မလဲ့လဲ့မှာလည်း သွေးပေါင်ချိန်တာတောင်မှားသည်။ သာကေတမှရိုးသားသော အခြေခံလူတန်းစားများသည် ထိုဆရာ၏ဘွဲ့က အင်္ဂလိပ်လိုဆေးပညာ အသုံးအနှုံးဖြင့်ရေးထားသည်ကို မဖတ်တတ်ကြပေ။ မသင်္ကာလို့မေးမြန်းသောအခါ ဆရာဘုန်းမြင့်က နှလုံးဌာနမှာ အလုပ်လုပ်တဲ့မေ့ဆေးဆရာဖြစ်ကြောင်းပြောသည်။ မေ့ဆေးက မေ့ဆေးပင်ဖြစ်သည်။ သန့်ရှင်းရေးသမားရော နှလုံးဌာနမှာ အလုပ်လုပ်ရင် နှလုံးဆရာဝန်ဖြစ်လားသိချင်ပါတယ်။ မလိမ့်တပါတ်လုပ်တာတော့ မကောင်းပါဘူး။
ရိုးရိုးM.B.B.Sထဲမှာလည်း အကြောင်းအမျိုးမျိုးကြောင့် အထူးကုမဖြေပေမယ့် အထူးကုနီးပါးတော်သူတွေ ရှိပါတယ်။ အဓိကလိုအပ်တာက ရိုးသားမှုပါ။ ရိုးသားမှုမရှိရင်တော့ အရေးယူသင့်ပါတယ်။
တကယ်လို့ သင့်ပါသင် နှလုံးရောဂါရှိတယ်ထင်ပါက ရိုးသားတဲ့ family doctorအထွေထွေကုဆေးခန်းကို သွားပါ။ ဆရာဝန်စမ်းသပ်ပြီး ဆေးစစ်ဖို့လိုရင် Medical Check Up အတွက် ဘယ်ဓာတ်ခွဲခန်း အကောင်းဆုံး၊အမှန်ဆုံးလည်းမေးပါ။ ပြီးရင်အဖြေကို ဆရာဝန်ကိုဖတ်ဖို့ပြန်ပြပါ။ အသေးအဖွဲနှလုံးရောဂါဆို အထွေထွေရောဂါကုဆေးခန်းကဆေးပေးပါလိမ့်မယ်။ ရောဂါကြီးတယ်ဆိုရင် အထူးကုနဲ့ရော ရပ်ကွက်ကအထွေထွေရောဂါကုဆရာဝန်ရော ၂ ယောက်လုံးတွဲကုပါလိမ့်မယ်။ အလိမ်မခံရအောင် လုပ်နည်းအဆင့်ဆင့်ပါ။ ကိုယ့်ပါကိုယ် ဘာမှန်းမသိပဲ နှလုံးဆရာဝန်ဆိုပြီး သွားပြလိုက်ရင် ရောဂါမရှိပဲဆေးပေးတဲ့သူတွေ ရှိပါတယ်။
Myanmar Medical Associationကိုတိုင်ဖို့ ဖုန်းဆက်တော့ စာရေးမက ဖုန်းနံပါတ်တစ်ခုပေးပါသည်။ ထိုဖုန်းကလည်း ဆက်မရပါ။
