စိတ်ပညာရှင်တွေပြောတဲ့ လိမ်ပြောနေမှန်းသိသာစေမယ့် လက္ခဏာများ

လိမ်ပြီဆိုတာနဲ့ အဲ့ဒီလူရဲ့နှလုံးခုန်နှုန်းနဲ့ဦးနှောက်ကလှိုင်းတွေက ပြောင်းလဲသွားပါတယ်။ အဲ့ဒါတွေကို မှုခင်းဖော်ထုတ်ရာမှာ အလိမ်ဖော်စက်နဲ့ အတိအကျတိုင်းတာလို့ရပါတယ်။ သာမာန်ပြောဆိုနေတဲ့ကိစ္စတွေမှာ အလိမ်ဖော်စက်မရှိလည်း ဒီအချက်တွေသုံးပြီး ခွဲခြားလို့ရပါတယ်။

(၁) စကားပြောရင်း မျက်လုံးကညာဘက်ကို ခဏခဏစောင်းကြည့်ခြင်း

(၂) နှာခေါင်းကို မထင်မှတ်ပဲ ခဏခဏပွတ်မိခြင်း

(၃) မျက်လုံး သို့မဟုတ် နှုတ်ခမ်းကို လက်နဲ့ကွယ်ခြင်း

(၄) မျက်စိလွှဲခြင်း

(၅) စကားရှေ့နောက်မညီဖြစ်ခြင်း

(၆) ပြောရင်းနဲ့ ကြားမှာစဉ်းစားနေရလို့ စကားထစ်သွားခြင်း

(၇) ပြောစကားနဲ့ မကိုက်ညီဘဲ လွန်ကဲတဲ့ ကိုယ်ဟန်အမူအရာရှိခြင်း

(၈) စိတ်ဖိစီးမှုများပြီး လက်ကို အဆတ်မပြတ်လှုပ်ခြင်း

(၉) စကားပြောရင်း လက်သည်းကို ငုံ့ကြည့်တတ်ခြင်း

(၁၀) ဇွတ်အရမ်းရုပ်တည်ထားခြင်း

(၁၁) ဘာမှလည်းမမေးပဲ ( ဈေးရောင်းသူလည်း မဟုတ်ပဲ) အသေးစိတ်လွန်လွန်ကဲကဲရှင်းပြနေခြင်း

(၁၂) ပုံမှန်လေယူလေသိမ်းအသံပြောင်းသွားခြင်း

ဒီအချက်လေးတွေ သေချာအလွတ်မှတ်ထားပါ။ တစ်ချိန်ကျရင် အသုံးဝင်လာပါလိမ့်မယ်။

Leave a comment

Design a site like this with WordPress.com
Get started