သင့်ရဲ့ ဝမ်းပုံစံအရ ကျန်းမာရေးအခြေအနေ ကြည့်ရအောင်

🚻ဝမ်းက အရမ်းမာပြီး ကျောက်စရစ်ခဲတွေလို ဖြစ်နေတယ် ဆိုရင်တော့
ကြာရင် လိပ်ခေါင်း စအိုကွဲနာ နဲ့ အူမကြီး ကင်ဆာတွေ ဖြစ်လာနိုင်ပါတယ်
အဲ့ဒီလို မဖြစ်အောင် တစ်နေ့ကို ရေ ၂ လီတာ လောက်သောက်ပါ
ကန်စွန်းရွက်နဲ့ သရက်သီး ကဲ့သို့ အမျှင်ဓါတ်ပါတဲ့ အစားအသောက် များများ စားပါ

🚻အညိုရောင် (သို့) အဝါရောင်ရှိ မမာ မပျော့ ဝမ်း
ကျနးမာရေးကောင်းတဲ့ ပုံမှန် ဝမ်သွားပုံပါ

🚻အနားသတ်ထင်ရှားပေမယ့် နည်းနည်းပျော့တဲ့ဝမ်း
ဝမ်းနည်းနည်းပျော့တဲ့အပြင် ဝမ်းသွားပြီး မောနေတယ်ဆိုရင် အစားအသောက်မသန့်ရှင်းမှုကြောင့် ဝမ်းကိုက်ပိုးဝင်နေတာဖြစ်ပါတယ်
ဆေးခန်း သွားသင့်ပါတယ် လိုအပ်ရ် ဆေး အနည်းဆုံး ၃ရက်သောက်ရပြီး ဓါတ်ဆားငန်ကို မဖြစ်မနေ  သောက်သင့်ပါတယ်
ပိုတက်စီယမ် ကြွယ်ဝပြီး အမျှင်ဓါတ်ပါတဲ့ ဌက်ပျောသီးကို စားသင့်ပါတယ်
ကော်လဂျင် နည်းနေရင်လည်း ဒါမျိုးဖြစ်တတ်ပါတယ်

🚻အနားသတ် မသဲကွဲတဲ့ ဝမ်း
ဆေးခန်း မဖြစ်မနေ သွားသင့်ပါတယ်

🚻အရည်ပဲသွားတဲ့ ၀မ်း
ဓါတ်ဆားနဲ့ ဆေး ချက်ချင်း သောက်ပါ
သွေးပေါင်ကျပြီး ခြေဖျား လက်ဖျားအေးနေရင် ပုလင်းကြီး အမြန်ချိတ်ပါ

🚻ဝမ်းက ဆန်ဆေးရည်လို ဖြစ်နေရင်တော့ ကာလဝမ်းရောဂါပါ

🚻အနံ့အရမ်းနံပြီး အမည်းရောင်သွားတဲ့ ဝမ်း
အစာအိမ်နဲ့ အူလမ်းကြောင်းမှာ သွေးယိုစိမ့်နေတာ ဖြစ်ပါတယ်
ရေခဲစားပြီး ဆရာဝန်ဆီသို့ အမြန်သွားပါ

🚻အဖြူရောင် ဝမ်း
သည်းခြေအိတ်နဲ့ အူကို ဆက်ထားတဲ့ ပြွနလမးကြောင်းပိတ်တာပါ
သည်းခြေကျောက်နဲ့ ကင်ဆာလို အကျိတ်တွေ လာပိတ်တာ ဖြစ်နိုင်ပါတယ်

Leave a comment

Design a site like this with WordPress.com
Get started