ဒေါပုံ-သာကေတနဲ့ သန်လျင်မြို့နယ်တစ်ဝိုက်မှာ ကျက်စားနေပါတယ်။ ပစ်မှတ်ကတော့ နာရေးဆိုင်းဘုတ်ချိတ်ထားတဲ့အိမ်တွေကိုပါ။ သူ့ဘာသူ ဝိဉာဉ်လောကနဲ့ အဆက်အသွယ်ရတယ်ဆိုပြီး ကျန်ရစ်သူမိသားစုဝင်တွေကို ယုံအောင်ပြောပါတယ်။ မိသားစုတွေကလည်း ချစ်နဲ့စိတ်နဲ့ မှန်မှန်/မမှန်မှန် မေးကြပါတယ်။ ပြီးရင်သေဆုံးသူရဲ့ဝိဉာဉ်က ကျန်တဲ့ပိုက်ဆံတွေကို အကုန်လှူခိုင်းတယ်ပြောပါလိမ့်မယ်။
လိမ်တာက ရယ်တော့ရယ်ရတယ်။ ဝိဉာဉ်ကို 3D ရုပ်လုံးကြွတောင် ဖော်နိုင်တယ်ဆိုပဲ။ ကိုဒီပရေဆိုပြီး ဝိဉာဉ်ဝင်ပူးခိုင်းတဲ့ ဟာသဇာတ်လမ်းတွဲထဲက စကားတွေပါ။ ဝိဉာဉ်က ငိုနေပါတယ်ဆိုပြီး သနားအောင်ပြောပါသေးတယ်။ သူ့ကိုလှူချင်အောင်ပေါ့။ မယုံတဲ့သူတွေက ကျောင်းလိပ်စာမေးတော့လည်း ဟိုလိုလို ဒီလိုလိုလုပ်နေတယ်။ ကျောင်းကို မလာပါနဲ့တဲ့။ ဝိဉာဉ်ဗေဒင်ဟောတာက ဝိနည်းနဲ့မညီလို့ပါဆိုပဲ။
မယ်သီလရှင်အသက်က ၅၀ ဝန်းကျင် ပိန်ပိန် အသားညိုညိုနဲ့ပါ။ လူဝတ်နဲ့တုန်းက အမျိုးသားကထားသွားလို့ သားတစ်ယောက်မွေးပြီးမှ သီလရှင်ဝတ်လိုက်သူပါ။ Video Fileရော ဖုန်းနံပါတ်ရောရှိပေမယ့် ကိုယ့်ကြောင့်သူတို့နစ်နာပါတယ်ဖြစ်နေမှာစိုးလို့ မတင်တော့ပါဘူး။ အလားတူဖြစ်ရပ်မျိုးဖြစ်လာရင်တော့ ရှောင်ကြပါနော်။
