
သာမာန်လူတန်းစားတွေအထင်ကတော့ ချမ်းသာတယ်ဆိုတာ
အိမ်ကောင်းကောင်းနဲ့ ကားအကောင်းစားစီးရုံလောက်ပါ။ ဒိတ်ဒိတ်ကြဲအရမ်းချမ်းသာသူတွေကတော့ အစစ အရာရာ နတ်စည်းစိမ်အလားခံစားရအောင် သုံးနိုင်ဖြုံးနိုင်ကြသူတွေပါ။
အံ့သြရလောက်အောင် ဘယ်လိုတွေလူနေမှုအဆင့်အတန်းမြင့်မားလဲဆိုတာ အဆုံးထိဖတ်ကြည့်ရအောင်။
(၁) ဌက်ပျောသီးကို ဇွန်းခရင်းနဲ့ ပန်းကန်ပေါ်တွင်အခွံခွာစားခြင်း
ဟုတ်ပါတယ်။ တော်ဝင်မျိုးနွယ်လိုအိနြေ္ဒရှိလူတန်းစားများဟာ ဌက်ပျောသီးကိုတောင် သာမာန်လူလိုတောက် အခွံခွာပြီး ပါးစပ်ထဲအလုံးလိုက်ထည့်မစားပါဘူးတဲ့။ အတုံးသေးသေးလေးတွေဖြစ်အောင်တုံးပြီးမှ သုံးဆောက်ကြပါတယ်။
(၂) ကြက်သွန်ကဲ့သို့အနံ့ပြင်းအစားအသောက်များကိုရှောင်ခြင်း
အရေးကြီးပုဂ္ဂိုလ်များနဲ့စကားပြောရင်း အနှောင့်အယှက်ဖြစ်မှာစိုးလို့ပါတဲ့။
(၃) ပညာရေးကုန်ကျစားရိတ်
အကောင်းဆုံးဆိုတဲ့ကျောင်းတွေ တက္ကသိုလ်တွေမှာ ပညာသင်စားရိတ်က အနည်းဆုံး ၁နှစ်ကို မြန်မာငွေသိန်းရာကျော်မှ သိန်းထောင်ကျော်ကုန်ကျပါတယ်တဲ့။ သာမာန်လူတွေဟာ အကြွေးတင်သွားပေမယ့် လူကုံထံတွေအတွက်ကတော့ အသေးအဖွဲလေးပါပဲ။
(၄) ဇိမ်ခံကားများ
လက်တွေ့ဘဝက လူကုံထံသူဌေးသမီးအချို့ဟာ ကားနဲ့အဝတ်အစားအရောင်နဲ့ကိုက်အောင်ဝတ်ကျပါသတဲ့။ တစ်နေ့တစ်မျိုးမထပ်အောင်ဝတ်နိုင်ပြီး လက်ဝတ်ရတနာများကိုပါမထပ်အောင် ဝတ်နိုင်ကြပါတယ်။
(၅) သိန်း၃၀၀ တန် Luxury Brandedလက်ဆွဲအိတ်နဲ့ဖိနပ်များ
လက်ဆွဲအိတ် ၁ လုံးရဲ့တန်ဖိုးကပဲ သိန်း ၃၀၀ လောက်တန်ပါသတဲ့။ သာမာန်လူတွေအဖို့ တန်ဖိုးနည်းတိုက်ခန်း၁ခန်းစာ ရှိပါတယ်။ အဲ့လောက်တန်ဖိုးကြီးတဲ့လက်ဆွဲအိတ်တွေကိုတောင် မထပ်အောင်ဝတ်နိုင်ကြပါတယ်။
(၆) သိန်းကျော်တန်တဲ့အကောင်းစားအရက်
ဈေးနည်းတဲ့အရက်တွေဟာ သေချာပေါင်းမခံထားတဲ့အတွက် ကျန်းမာရေးနဲ့မညီညွတ်ပဲ အဆိတ်အတောက်ဖြစ်စေနိုင်ပါတယ်။ လူချမ်းသာတွေကတော့ အကောင်းစားအရက်တွေပို ပမာဏနည်းနည်းပဲသောက်လို့ ကျန်းမာရေးနဲ့ညီညွတ်ပြီး အသက်ရှည်ရှည်နေနိုင်ကြပါတယ်။
(၇) စိန်စီရွှေချထားသော Brandedနာရီများ
၁ ခုထဲတောင် မဟုတ်ပါဘူး။ ဘူးထဲမှာရော စင်ပေါ်မှာရော အပြည့်စုဆောင်းထားကြတာပါ။
(၈) စိန်စီထားသော လက်ကိုင်ဖုန်းများ
အနည်းဆုံး ၁ နှစ် ၁ ခါပြောင်းကိုင်ကြပါတယ်။
(၉) အပျော်မယားထောက်ပံ့စားရိတ်များ
တစ်လကို သိန်းထောင်ချီထောက်ပံ့ပေးနိုင်ပြီး မျက်နှာနဲ့ခန္ဓာကိုယ်ပြင်ဆင်မှုplastic surgeryအတွက် ကုန်ကျစားရိတ်များလည်း လိုလေးသေးမရှိပေးကမ်းနိုင်ပါတယ်။
သိက္ခာကျဆင်းပြီး AIDSဖြစ်ပွားမှုနှုန်းနဲ့ Bပိုး Cပိုး ကူးစက်မှုနှုန်းမြင့်နေတဲ့အတွက် ဒီအချက်ကိုတော့ အားမကျသင့်ပါဘူး။
(၁၀) ၁ ခါဆော့ အနည်းဆုံး သိန်း ၁၀၀ ကုန်ကျတဲ့လောင်းကစား
မယုံမရှိပါနဲ့။ သူဌေးသမီးတွေလည်း အဆော့မက်ပါတယ်။ နာမည်ကြီးအနုပညာရှင်တွေတောင် ရှာလို့ရတဲ့ပိုက်ဆံ ဒီနေမှာကုန်သွားတာပါနော်။ တချို့ကလပ်တွေမှာဆို မူးယစ်ဆေးများပါရနိုင်ပါတယ်။
(၁၁)ဒေါ်လာနဲ့ပဲရှင်းရတဲ့စားသောက်ဆိုင်များ
မြန်မာငွေတောင်လက်မခံပါတဲ့။ ၁နပ်စား သိန်းချီကုန်တဲ့ဆိုင်မျိုးပါ။
(၁၂) နာမည်ကြီးအနုပညာရှင်များနဲ့တွေ့ဆုံဖို့ကုန်ကျစားရိတ်များ
ကမ္ဘာကျော်အားကစားသမားများနဲ့တွေ့ဆုံဖို့ သတင်းထဲပါဖို့ဆိုရင်တော့မြန်မာငွေသိန်းသောင်းကျော်ကုန်ကျပါသတဲ့။
(၁၃) ရွှေချထားတဲ့ဘိုထိုင်အိမ်သာ
လူမမြင်တဲ့နေရာမျိုးမှာတောင် ရွှေချထားတယ်ဆိုတော့ ဘယ်လောက်တောင် ပေါများ ချမ်းသာလိုက်မလဲနော်။
(၁၄) ကျောက်စိမ်းကပ်ထားတဲ့ ဧည့်ခန်းကြီး
Home Decoration အိမ်အလှဆင်ဖို့ ကြွေပြားအကောင်းစားနဲ့တောင် မသုံးချင်တော့ပါဘူးတဲ့။ ကျောက်စိမ်းတွေပါ အချပ်လိုက် ကပ်ထားတတ်ပါတယ်။
Wow…Amazingပါနော်
(၁၅) ရေကူးကန်+ပန်းခြံနဲ့gymတွေပါတဲ့ အိမ်ကြီး
ဧကနဲ့ချီကျယ်ဝန်းပါတယ်။ တချို့ဆို ဈေးကြီးတောတွင်းတိရာစ္ဆာန်လေးတွေတောင်ထည့်မွေးထားကြပါတယ်။
