အဆင့်မြင့်လူကုံထံအသိုင်းအဝိုင်းရဲ့နေထိုင်စားသောက်မှုဘဝပုံစံများ

သာမာန်လူတန်းစားတွေအထင်ကတော့ ချမ်းသာတယ်ဆိုတာ
အိမ်ကောင်းကောင်းနဲ့ ကားအကောင်းစားစီးရုံလောက်ပါ။ ဒိတ်ဒိတ်ကြဲအရမ်းချမ်းသာသူတွေကတော့ အစစ အရာရာ နတ်စည်းစိမ်အလားခံစားရအောင် သုံးနိုင်ဖြုံးနိုင်ကြသူတွေပါ။
အံ့သြရလောက်အောင် ဘယ်လိုတွေလူနေမှုအဆင့်အတန်းမြင့်မားလဲဆိုတာ အဆုံးထိဖတ်ကြည့်ရအောင်။

(၁) ဌက်ပျောသီးကို ဇွန်းခရင်းနဲ့ ပန်းကန်ပေါ်တွင်အခွံခွာစားခြင်း
ဟုတ်ပါတယ်။ တော်ဝင်မျိုးနွယ်လိုအိနြေ္ဒရှိလူတန်းစားများဟာ ဌက်ပျောသီးကိုတောင် သာမာန်လူလိုတောက် အခွံခွာပြီး ပါးစပ်ထဲအလုံးလိုက်ထည့်မစားပါဘူးတဲ့။ အတုံးသေးသေးလေးတွေဖြစ်အောင်တုံးပြီးမှ သုံးဆောက်ကြပါတယ်။

(၂) ကြက်သွန်ကဲ့သို့အနံ့ပြင်းအစားအသောက်များကိုရှောင်ခြင်း
အရေးကြီးပုဂ္ဂိုလ်များနဲ့စကားပြောရင်း အနှောင့်အယှက်ဖြစ်မှာစိုးလို့ပါတဲ့။

(၃) ပညာရေးကုန်ကျစားရိတ်
အကောင်းဆုံးဆိုတဲ့ကျောင်းတွေ တက္ကသိုလ်တွေမှာ ပညာသင်စားရိတ်က အနည်းဆုံး ၁နှစ်ကို မြန်မာငွေသိန်းရာကျော်မှ သိန်းထောင်ကျော်ကုန်ကျပါတယ်တဲ့။ သာမာန်လူတွေဟာ အကြွေးတင်သွားပေမယ့် လူကုံထံတွေအတွက်ကတော့ အသေးအဖွဲလေးပါပဲ။

(၄) ဇိမ်ခံကားများ
လက်တွေ့ဘဝက လူကုံထံသူဌေးသမီးအချို့ဟာ ကားနဲ့အဝတ်အစားအရောင်နဲ့ကိုက်အောင်ဝတ်ကျပါသတဲ့။ တစ်နေ့တစ်မျိုးမထပ်အောင်ဝတ်နိုင်ပြီး လက်ဝတ်ရတနာများကိုပါမထပ်အောင် ဝတ်နိုင်ကြပါတယ်။

(၅) သိန်း၃၀၀ တန် Luxury Brandedလက်ဆွဲအိတ်နဲ့ဖိနပ်များ
လက်ဆွဲအိတ် ၁ လုံးရဲ့တန်ဖိုးကပဲ သိန်း ၃၀၀ လောက်တန်ပါသတဲ့။ သာမာန်လူတွေအဖို့ တန်ဖိုးနည်းတိုက်ခန်း၁ခန်းစာ ရှိပါတယ်။ အဲ့လောက်တန်ဖိုးကြီးတဲ့လက်ဆွဲအိတ်တွေကိုတောင် မထပ်အောင်ဝတ်နိုင်ကြပါတယ်။

(၆) သိန်းကျော်တန်တဲ့အကောင်းစားအရက်
ဈေးနည်းတဲ့အရက်တွေဟာ သေချာပေါင်းမခံထားတဲ့အတွက် ကျန်းမာရေးနဲ့မညီညွတ်ပဲ အဆိတ်အတောက်ဖြစ်စေနိုင်ပါတယ်။ လူချမ်းသာတွေကတော့ အကောင်းစားအရက်တွေပို ပမာဏနည်းနည်းပဲသောက်လို့ ကျန်းမာရေးနဲ့ညီညွတ်ပြီး အသက်ရှည်ရှည်နေနိုင်ကြပါတယ်။

(၇) စိန်စီရွှေချထားသော Brandedနာရီများ
၁ ခုထဲတောင် မဟုတ်ပါဘူး။ ဘူးထဲမှာရော စင်ပေါ်မှာရော အပြည့်စုဆောင်းထားကြတာပါ။

(၈) စိန်စီထားသော လက်ကိုင်ဖုန်းများ
အနည်းဆုံး ၁ နှစ် ၁ ခါပြောင်းကိုင်ကြပါတယ်။

(၉) အပျော်မယားထောက်ပံ့စားရိတ်များ
တစ်လကို သိန်းထောင်ချီထောက်ပံ့ပေးနိုင်ပြီး မျက်နှာနဲ့ခန္ဓာကိုယ်ပြင်ဆင်မှုplastic surgeryအတွက် ကုန်ကျစားရိတ်များလည်း လိုလေးသေးမရှိပေးကမ်းနိုင်ပါတယ်။
သိက္ခာကျဆင်းပြီး AIDSဖြစ်ပွားမှုနှုန်းနဲ့ Bပိုး Cပိုး ကူးစက်မှုနှုန်းမြင့်နေတဲ့အတွက်  ဒီအချက်ကိုတော့ အားမကျသင့်ပါဘူး။

(၁၀) ၁ ခါဆော့ အနည်းဆုံး သိန်း ၁၀၀ ကုန်ကျတဲ့လောင်းကစား
မယုံမရှိပါနဲ့။ သူဌေးသမီးတွေလည်း အဆော့မက်ပါတယ်။ နာမည်ကြီးအနုပညာရှင်တွေတောင် ရှာလို့ရတဲ့ပိုက်ဆံ ဒီနေမှာကုန်သွားတာပါနော်။ တချို့ကလပ်တွေမှာဆို မူးယစ်ဆေးများပါရနိုင်ပါတယ်။

(၁၁)ဒေါ်လာနဲ့ပဲရှင်းရတဲ့စားသောက်ဆိုင်များ
မြန်မာငွေတောင်လက်မခံပါတဲ့။ ၁နပ်စား သိန်းချီကုန်တဲ့ဆိုင်မျိုးပါ။

(၁၂) နာမည်ကြီးအနုပညာရှင်များနဲ့တွေ့ဆုံဖို့ကုန်ကျစားရိတ်များ
ကမ္ဘာကျော်အားကစားသမားများနဲ့တွေ့ဆုံဖို့ သတင်းထဲပါဖို့ဆိုရင်တော့မြန်မာငွေသိန်းသောင်းကျော်ကုန်ကျပါသတဲ့။

(၁၃) ရွှေချထားတဲ့ဘိုထိုင်အိမ်သာ
လူမမြင်တဲ့နေရာမျိုးမှာတောင် ရွှေချထားတယ်ဆိုတော့ ဘယ်လောက်တောင် ပေါများ ချမ်းသာလိုက်မလဲနော်။

(၁၄) ကျောက်စိမ်းကပ်ထားတဲ့ ဧည့်ခန်းကြီး
Home Decoration အိမ်အလှဆင်ဖို့ ကြွေပြားအကောင်းစားနဲ့တောင် မသုံးချင်တော့ပါဘူးတဲ့။ ကျောက်စိမ်းတွေပါ အချပ်လိုက် ကပ်ထားတတ်ပါတယ်။
Wow…Amazingပါနော်

(၁၅) ရေကူးကန်+ပန်းခြံနဲ့gymတွေပါတဲ့ အိမ်ကြီး
ဧကနဲ့ချီကျယ်ဝန်းပါတယ်။ တချို့ဆို ဈေးကြီးတောတွင်းတိရာစ္ဆာန်လေးတွေတောင်ထည့်မွေးထားကြပါတယ်။

ရွှေကြေးစည်ခရီးသွားဝန်ဆောင်မှုလုပ်ငန်းအား ခရီးသည်များမှ ဝေဖန်တိုင်ကြားမှုများပြားလာ

ခရီးသည်တစ်ဦးတင်ထားသော Postမှာ အောက်ပါအတိုင်းဖြစ်သည်။

“ခရီးသွားသူများကို ဓါးနဲ့ထိုးချင်နေတဲ့ ဒရိုင်ဘာနဲ့
ဝန်ဆောင်မှုညံ့ဖျင်းတဲ့”ရွှေကြေးစည်”Agency

စေတနာနဲ့သတိပေးချင်ပါတယ်။ သင်္ကြန်မှာ တခြားခရီးသည်ပို့ဆောင်ရေးတွေက လောဘသိပ်မကြီးပဲ လူနည်းနည်းပဲလက်ခံပြီး ဝန်ဆောင်မှုကောင်းကောင်းပေးတဲ့အချိန်မှာ “ရွှေကြေးစည်”ဟာ လူတွေရသမျှလက်ခံပြီး လူမဆန်တဲ့ဝန်ဆောင်မှုတွေ ပေးခဲ့ပါတယ်။ ကားမလုံလောက်လို့
“ဖြိုးမြတ်ပိုင်”ကုမ္ပဏီက ကားနံပါတ်”3N/3368″နဲ့အတူ Driver ကိုပါဌားပြီးပို့ခိုင်းပါတယ်။ (အဲ့ကားဟာအရင်ကလည်း ယာဉ်တိုက်မှုဖြစ်ဖူးပါသတဲ့။) Driverကလည်း “ပြည်-ပေါက်ခေါင်း” ကိုပဲ မောင်းဖူးတဲ့ Driverပါ။ ရန်ကုန်-မန္တလေး-ပြင်ဦးလွင်-ပုဂံ က အထင်ကရနေရာတွေကိုတောင် လုံးဝမသိပါဘူး။
(၁) ကားမောင်းရင်းနဲ့ အိပ်ငိုက်ပါတယ်။ (အကူယာဉ်မောင်း မရှိပါ)
(၂) ခရီးသည်တွေကို မကြိုနိုင်ပဲ လမ်းမှာကျန်တဲ့သူကကျန်
(၁ နေရာမှာ အုပ်စု ၁ စုဆီ ကျန်နေကြပါ)
(၃) ည ၈ နာရီလာကြိုမယ်ဆိုပြီး ည ၁၂ နာရီမှ ဝင်ကြိုလိုကြိုနဲ့
ခရီးသည်ကလမ်းပေါ်မှာ ညဘက်ကြီး ၄ နာရီထိ မတ်တပ်ရပ်နေရပါတယ်။
(၄) သူလမ်းမကျွမ်းကျင်လို့ နောက်ကျရတာကို အလုပ်သင်ကာစရှိတဲ့Guide အပေါ်ပဲစုပုံလွှဲချတယ်။
(၅) တစ်လမ်းလုံးလဲ “ငါလိုးမသား” လို့ ခဏ ခဏလည်းဆဲပြီး/သူ့ဆီမှာ ဓါး ၂ ချောင်းနဲ့ တုတ်တစ်ချောင်းဆောင်ထားတယ်လို့လည်းပြောပါတယ်။
(၆) သူကတည်းခိုခန်းမှာ မတည်းရလို့ဆိုပြီး တည်းခိုခန်းတည်းတဲ့ ခရီးသည်တွေကို တည်းခိုခန်းနဲ့ ၁ မှတ်တိုင်လောက်ဝေးတဲ့နေရာမှာ ရပ်ပြီး ပင်ပန်းနေတဲ့ခရီးသည်တွေကို အထုတ်အလေးကြီးတွေတမင်အကျင့်ယုတ်ပြီး သယ်ခိုင်းပါတယ်။
(၇) ဘယ်နေရာသွားသွား ၁ မှတ်တိုင်ခြားပြီး အသွား ၁ နေရာ အပြန် ၁ နေရာ အမြဲရပ်ထားပါတယ်။ ကားပျောက်ရှာပြီး ဘုရားဖူးခရီးသည်တွေကို ဖိနပ်မပါပဲ နေပူထဲခြေထောက်အပူလောင်စေချင်လို့ပါ။
(၈) တစ်လမ်းလုံးလည်း စပယ်ယာတွေနဲ့ Guideတွေ
ကိုဆဲလာပါတယ်။
(၉) ဘုရားဖူးပြီး ကားပေါ်စောစောတက်လာတဲ့ခရီးသည်တွေကို
လည်း Air-Con မဖွင့်ပေးပါဘူး။ အပူရှပ်သေပါစေ ဓါတ်ဆီမကုန်ရင်တော်ပြီ။ ဒါမှ ပိုတဲ့ဓါတ်ဆီရောင်းစားလို့ရမှာပါ။
(၁၀) အပြန်ကျတော့ နောက်ထပ်Orderလက်ခံထားလို့ဆိုပြီး ခရီးသည်တွေကို ကြုံတဲ့နေရာမှာ ချသွားပါတယ်။
(၁၁) ၁နေ့ ၄သောင်းရတယ်တဲ့ ဘဝင်မြင့်နေတာ(အဲ့လောက်ပိုက်ဆံကိုများ ကြွားနေသေးတယ်။ ဓါတ်ဆီခိုးရောင်းထားတဲ့ပိုက်ဆံတွေလား မသိဘူး)
(၁၂) ဓါတ်ဆီဆိုင်က လက်ဆောင်တွေလည်း အငမ်းမရတောင်းပါတယ်။
(၁၃) Toll Gateတွေမှာ မိန်းမစာရေးမဆိုရင် ဘာကြောင့် ၃၀၀ ကျပ်ပေးရသလဲ အရစ်ထပါတယ်။ ယောက်ျားဆိုကြောက်လို့မရစ်ပါ။
(၁၄) မန္တလေးဦးပိန်တံတားက အပြန်မှာလည်း လောင်းကစားလုပ်နေလို့ ကားထွက်နောက်ကျပါသေးတယ်။
(၁၅)တောင်ပေါ်တစ်ခါမှ မမောင်းဖူးပါဘူး။ ကားဂီယာသုံးတာလွဲပြီး ကားတာယာတွေလောင်တယ်။ မီးခိုးတွေအများကြီးထွက်ပြီး Heatတက်တာ ၂ ခါရှိလို့ လမ်းဘေးမှာအကြာကြီးရပ်ထားရပါတယ်။
(၁၆) ကားပေါ်မှာ ရေသန့်ဘူး ၁ ခါပဲ ပေးပါတယ်။ ၅ ရက်ခရီးပါ။
ရေခဲသေတလည်း သုံးစွဲခွင့်မရပါ။
(၁၇) ပိုက်ဆံပေးတဲ့ခရီးသည်တွေက ကျွန်အဆင့်ပါ။ Driverကသာ ဘုရင်လိုဖြစ်ပြီး တစ်လမ်းလုံးဆဲဆို မိုက်ရိုင်းလာပါတယ်။

အဲ့ဒီလိုယာဉ်မောင်းကို Blacklistအနေနဲ့ သူမောင်းတဲ့ကားဆို လုံးဝမစီးပါနဲ့။ ကားတိုက်သေရင်သေ / မသေရင် သူတောင်းစားလို စုတ်ပြတ်သွားမှာပါ။

“ရွှေကြေးစည်”ကလည်း စားရိတ်ငြိမ်းဆိုပြီး စားရိတ်မငြိမ်းပါ။
(၁) ၁ နေ့၂ ကြိမ်တောင် ထမင်းမကျွေးနိုင်ပါ။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်စားရင်တောင် လမ်းမှာမရပ်ပေးပါ။ ထမင်းဖိုးပြန်မအမ်းပါ။
(၂) ထမင်းကျွေးတဲ့ အခါလည်း ဟင်းကသိုးနေပါတယ်။ ထမင်းကလည်း မနပ်ပါ။ ခွေးကျွေးရင် ခွေးတောင်မစားတာဓါတ်ပုံထဲမှာ မြင်နိုင်ပါတယ်။
(၃) ဘုန်းကြီးကျောင်းအပြင်ဘက် ခွေးကတက်လိုနေရာမျိုးမှာ တစ်ခါတစ်လေ အခင်းတောင်မပါပဲ ချကျွေးပါတယ်။ အဲ့နေရာတောင် မဆံ့လို့ ခွေးကျွေးတဲ့အမှိုက်ပုံနားမှာ ထမင်းစားနေရတဲ့သူတွေရှိပါတယ်။
(၄) တည်းခိုခန်းကလည်း အဲကွန်းမပါ/ ရေတွေညစ်ပါတ်ပြီး/ သံကုတင်နဲ့ တည်းခိုခန်းပါ။
(၅)တည်းခိုခန်းမရလို့ ၇၅၀၀၀ ထပ်အကုန်ခံပြီး တခြားမှာ ဌားရတဲ့သူတွေရှိပါတယ်။
(၆) ပုဂံမှာ Guideကြေး သက်သက်ထက်တောင်းပါတယ်။
(၇) တောင်တက်တဲ့နေရာမှာလည်း ကားသေးပြောင်းစီးခိုင်းပြီး ကားကြေးတွေမတန်တဆထပ်တောင်းပါတယ်။
(၈)ရွှေလီသွားတဲ့အမတစ်ယောက်ကိုလည်း လမ်းမှာကားပျက်သွားလို့ဆိုပြီး ဖရဲသီးတင်တဲ့ကားနဲတင်ပေးလိုက်ပါတယ်။

နိုင်ငံခြားမှာဆို တရားစွဲပြီးလျော်ကြေးပေးရမယ့် ခရီးသွားAgencyပါ။ ဘာမှတာဝန်ယူမှုမရှိပါဘူး။ ဒီနှစ်သင်္ကြန်သွားဖူးတဲ့သူတွေကိုမေးကြည့်ပါ။ အများရှောင်လို့ရအောင် Shareပေးကြပါဦး။”ဟူ၍ ဖြစ်သည်။

ထိုသူတင်ထားသော postအောက်တွင် ရွှေကြေးစည်ဝန်ဆောင်မှုညံ့ဖျင်းကြောင်းထောက်ခံထားသော Commentများကို အောက်ပါပုံများအတိုင်းတွေ့ရသည်။

ကွန်မြူနစ်ဝါဒကျရှုံးရခြင်း၏အကြောင်းအရင်းများ

ယခုခေတ်တွင်လည်း ကွန်မြူနစ်စနစ်ကိုထောက်ခံသူတွေ ရှိပါသေးတယ်။ ကွန်မြူနစ်စနစ်ဟာ “အားလုံးကိုတန်းတူရည်တူထားရမည်”ဟူသော်လည်း အစွန်းရောက်ပြီး ဆိုးကျိုးများစွာခံစားခဲ့ရပါတယ်။

စည်းမရှိသောနိုင်ငံရေးသမားအချို့က နိုင်ငံတွင် လူအများစုက ဆင်းရဲပြီး ပညာမတတ်သူများပြားသည်ကို အခွင့်ကောင်းယူကာ နိုင်ငံရေးအမြတ်ထုတ်ရန်ကြိုးပမ်းခဲ့ကြသည်။ ဆင်းရဲပြီး ပညာမတတ်သူများက ဥပဒေများအားချိုးဖောက်ရင် မသိကျေးကျွန်ပြုခဲ့သည်။ လူမိုက်များဖြစ်အောင်မြှောက်ပေးပြီး ၄င်းတို့ဆင်းရဲရခြင်းဒုက္ခများအား လူချမ်းသာတို့ကြောင့်ဖြစ်သည်ဟုဆိုကာ လူချမ်းသာများကိုပြသနာရှာခိုင်းခဲ့သည်။ ထို့နောက်နိုင်ငံရေးသမားတို့က လူချမ်းသာတို့၏အလှူငွေများကိုကောက်ခံကာ သူတို့အိတ်ထဲကိုသာထည့်ခဲ့ကြသည်။ အများပြည်သူကောင်းစားစေချင်ရင် သူတို့အိတ်ထဲမထည့်ဘဲ ရပ်ရွာအကျိုးအတွက်အသုံးပြုရမည် မဟုတ်ပါလား။

တရားမျှတမှုဆိုသည်မှာ ဆင်းရဲချမ်းသာမရွေးပဲ နိုင်ငံဥပဒေချိုးဖောက်သူများကိုသာ အရေးယူရမည်ဖြစ်သည်။ ဆင်းရဲသူမှားရင် ဆင်းရဲသူခံရမည်။ ချမ်းသာသူမှားရင် ထိုသူခံရမည်။ သို့မှသာ တရားဥပဒေစိုးမိုးသည်။ ကွန်မြူနစ်ဝါဒအစွန်းရောက်လာသောအခါ ဆင်းရဲသူများက စည်းမရှိပဲလုပ်ချင်ရာလုပ်လာသောအခါ တရားဥပဒေစိုးမိုးမှုအားနည်းလာသည်။

သမာအာဇီဝနည်းဖြင့် ငွေဖြူနှင့်ချမ်းသာသောသူများကို နိုင်ငံမှချီးကျူးရမည်ဖြစ်ပြီး မသမာသောနည်းများနဲ့ချမ်းသာသူများကိုသာ အရေးယူရမည်ဖြစ်သည်။ သို့သော် ကွန်မြူနစ်ဝါဒအစွန်းရောက်လာသောအခါ သမာအာဇီဝနဲ့ကြိုးစားပြီးချမ်းသာလာသောလူတော်များကိုပါ နှိပ်ကွပ်ဖျက်ဆီးခဲ့ကြသည်။ ပညာတတ်လူတော်များမရှိသောအခါ နိုင်ငံလည်း အခြားနိုင်ငံနဲ့ယှဉ်ရင် ချွတ်ခြုံကျလာသည်။

ထို့နောက် ဆင်းရဲချမ်းသာမရွေး အောင်မြင်ရန်အခွင့်အရေးပေးသည့် ကိုယ်တော်ရင်ကိုယ်ရမည့် ကိုယ်ကြိုးစားရင်ကြိုးစားသလောက်ရမည့် ဒီမိုကရေစီစနစ်သည် ပိုမိုအောင်မြင်ပြီး လက်ခံကျင့်သုံးသောနိုင်ငံများပြားလာခဲ့သည်။ ဒီမိုကရေစီစနစ်တွင် ဥပဒေစိုးမိုးမှုပိုမိုကောင်းမွန်လာပြီး နိုင်ငံများတိုးတက်လာခဲ့သည်။

လျှစ်လျှူရှုခြင်း ( ဘဝနေထိုင်မှုပညာ )

ခုခေတ်မှာ စိတ်မချမ်းသာတဲ့သူတွေများလာတယ်။ ကိုယ့်ပါကိုယ်ဘာဖြစ်လို့ဖြစ်မှန်းတောင် မသိကြဘူး။ ကိုယ်လက်တွေကိုက်ခဲပြီး အိပ်ရေးတွေမမှန်။ စားလို့လည်းမဝင်။ ဆေးခန်းသွားပြီး ရောဂါရှာတော့လည်း ဘာမှရေရေရာရာ မတွေ့ရင် သေချာပါပြီ။ စိတ်ညစ်ပြီး ပူပန်စိတ်တွေများနေတာပဲဖြစ်ပါတယ်။
ဒါဟာ အချိန်မီကုသသင့်ပါတယ်။ ရှက်စရာလည်းမဟုတ်ပါ။ ခုခေတ်လူတိုင်းနီးပါးခံစားနေရတာပါ။ လူတွေတင်းတိမ်ရောင့်ရဲမှု မရှိကြတော့ဘူး။ သိန်း ၅၀၀ ရှိတဲ့သူက သိန်း ၅၀၀၀ ရချင်တယ်။ သိန်း ၅၀၀၀ ရှိတဲ့သူက သိန်း ၅၀၀၀၀ ရချင်တယ်။ လောဘ+ဒေါသ+မောဟတွေများကြတဲ့အခါ စိတ်ကြည်လင်လန်းဆန်းမှု မရနိုင်တော့ဘူး။

ဒါတင်မကဘူး။ တက်ကျမ်းတွေ Motivationဖြစ်မယ့်စာတွေ ဖတ်တယ်။ ကိုယ့်ကိုကိုယ်ဘာထင်လာမလဲ။ ငါသာလျှင်ပထမရချင်လာမယ်။ လူတိုင်းအဲ့စိတ်ဖြစ်နေတဲ့အခါ ကောင်းမလား? ကိုယ့်ကိုကိုယ်ပဲချစ်တတ်လာမယ်။ သူတစ်ပါးဘက်ကို ဘယ်တော့မှ မစဉ်းစားပေးဘူး။ ဟော…မရှိလို့ ဈေးရောင်းစားနေတဲ့သူဆီက ဈေးနှိမ်ပြီး ကိုယ်အသာစီးရပြီးရောလုပ်မယ်။ ငွေမရှိ ပညာမတတ်လို့ဝန်ထမ်းလုပ်နေတဲ့သူတွေကို ငါက Customer ပိုက်ဆံပေးရသူဆိုပြီး အထက်စီးကမောက်မောက်မာမာဆက်ဆံလာကြတယ်။
လူလူချင်းလေးစားမှု/ညှာတာမှု မရှိတော့ဘူး။ အဲတော့လောကကြီးက နေလို့ပျော်စရာကောင်းပါ့မလား? ဘယ်ကောင်းတော့မလဲ။ အတ္တပေမသမားတွေနဲ့ စိတ်ညစ်ညူးစရာတွေပဲပြည့်နေတော့တာပဲ။

ချမ်းသာချင်လွန်းလို့ ငွေတွေကြိုးစားပြီးရှာတော့ရော ဘဝမှာ ဇိမ်နဲ့နေလို့မရတော့ဘူး။ သူဌေးသာဖြစ်တယ် ပင်ပန်းပြီး အိပ်ရေးပျက်လှပြီ။ သုံးမကုန်နိုင်အောင်ရှာထားတော့ရော ကိုယ်သေသွားတော့ ဒီငွေတွေအလကားမဖြစ်သွားဘူးလား?
ဇိမ်နဲ့နှပ်နေရတဲ့အိမ်မွေးတိရစ္ဆာန်တွေလောက်တောင် ကောင်းကောင်းမွန်မွန်နေခဲ့ရဘူးလား?

လူတိုင်းက လူတော်မဖြစ်နိုင်။ လူတော်မဖြစ်ပေမယ့် လူတိုင်းဟာ သူ့တန်ဖိုးနဲ့သူရှိပါတယ်။ မတော်ပေမယ့် စိတ်ထားကောင်းတဲ့သူတစ်ယောက်ဟာလည်း လောကကြီးကိုအလှဆင်နိုင်တယ်။ လူတော်ဖြစ်ပြီး ကြိုးစားရင် ထိပ်ဆုံးရောက်နိုင်တဲ့သူတွေလည်း ရှိတယ်။ ဒါပေမယ့် သူတို့မကြိုးစားဘူး။ မကြိုးစားတာလည်း ကောင်းတယ်။ သူ့ဘဝလေးသက်သက်သာသာနေရတာပေါ့။ သူဌေးလို နေ့တိုင်း ဒီဇိုင်းတူT shirtနဲ့ ဂျင်းဘောင်းဘီပဲ ဝတ်ပြီး အလုပ်ပဲအာရုံစိုက်နိုင်မလား? လူတိုင်းသာ သူ့လိုနေရရင် ဘယ်ပျော်နိုင်ပါ့မလဲနော်။ ၁ နေ့ ၄ နာရီပဲအိပ်နိုင်ပါ့မလား။

ရာထူးနဲ့ငွေရှိမှ အောင်မြင်တာမဟုတ်ပါဘူး။ စိတ်ချမ်းသာ/ကိုယ်ကျန်းမာရင်လည်း ဘဝနေထိုင်နည်းအောင်မြင်သူပါပဲ။

ကိုယ့်ကိုချစ်ခင်တဲ့သူတွေ အပေါ် အချိန်နည်းနည်းလောက်ပေးပြီး ပျော်ပျော်ရွှင်ရွှင်သာနေပါ။ တစ်ယောက်ထဲဖြစ်နေလည်း စိတ်အားမငယ်ပါနဲ့။ ဝါသနာပါတဲ့ အလုပ်တွေကို လုပ်ပါ။ ရုပ်ရှင်ကြည့်မလား? ဂိမ်းဆော့မလား? ခရီးထွက်မလား?

စိတ်ညစ်စရာတွေ စဉ်းစားမိပြီဆိုရင် အာရုံလွှဲလိုက်ပါ။ ဖြစ်ပြီးသားကိစ္စတွေဟာ ဘာမှပြန်ပြင်လို့မရတော့ပါဘူး။ မဖြစ်သေးတွေကိုပဲ ထိန်းချုပ်ခွင့်ရမှာပါ။ အဲဒါကြောင့် လက်ရှိအချိန်ကိုပဲ အကောင်းဆုံးဖြစ်အောင်နေပါ။

ကိုယ့်အပေါ်မကောင်းတဲ့သူတွေကိုလည်း ရှောင်ခွာဖို့မမေ့ပါနဲ့။ ကိုယ်ဟာကောင်းတဲ့သူတွေနဲ့သာထိုက်တန်ပါတယ်။ ကိုယ့်ကို စွန့်ခွာသွားတဲ့သူတွေကိုလည်း ဒေါသမထွက်ပါနဲ့။ လူတိုင်းက သူတို့နဲ့တန်ရာ တန်ရာ လိုက်ဖက်ညီတဲ့သူဆီကိုသာ ထွက်ခွာသွားကြတာပါ။ ကိုယ်သာကောင်းမွန်ပြီးပါးနပ်ခဲ့ရင် လူကောင်းတွေနဲ့ ပေါင်းသင်းဖို့ ရေစက်ဆုံလာပါလိမ့်မယ်။

လူ့ဘဝဟာ “တခဏ”သာဖြစ်တဲ့အတွက်ကြောင့် စိတ်ပူပန်မှုတွေကို လျော့ချပြီး အသက်ပြင်းပြင်းရှုလိုက်ပါ။ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းတွေလုပ်ပါ။ သဘာဝကောင်းကင်ကြီးနဲ့ သစ်ပင်ရှုခင်းတွေကို ခံစားပြီး စိတ်တည်ငြိမ်အေးချမ်းမှုကိုရှာနိုင်ကြပါစေ။

ဒါ ဆရာမတဲ့လား (ဖြစ်ရပ်မှန်)

ဒီနေ့နာမည်ကြီးအစိုးရကျောင်းတွင် ကျောင်းစတက်ရမည်ဖြစ်၍ အပူအပင်မရှိပျော်ရွှင်နေမိတယ်။ ဗိုလ်ကတော် မူလတန်းဆရာမလေး “×××”ရဲ့ အတန်းတွင်တက်ရမည်ဟု အမေကပြောတယ်လေ။
ဆရာမကိုစတွေ့တွေ့ချင်း “အရမ်းချောတဲ့ဆရာမလေးပါလား။ သဘောကောင်းမယ့်ပုံပဲ”ဟု စိတ်ထဲမှတွေးထင်မိခဲ့တယ်။

ဆရာမက စစချင်းစာသင်ခဲ့တယ်။ ကျွန်မပဲ ဉာဏ်မကောင်းလို့နေမယ်။ ဘာတစ်ခုမှ နားမလည်။ ပြီးတော့ လေးထောင့်ကွက်အကြီးကြီးတွေမှာ ‘ဝ’လုံး အကြီးကြီးတွေရေးခိုင်းတယ်။ ဆရာမကို “သမီးကပုံမှန်လက်ရေးအရွယ်အစားရေးနေကျမို့။ ပုံမှန်ဆိုဒ်လေးပဲရေးလို့ရလား။” လို့မေးတော့ “နင်ကငါ့ကိုဆရာလုပ်တာလား”ဆိုပြီး လက်ဆစ်တွေရိုက်ပစ်တယ်။ အရမ်းနာပြီး ကြောက်လိုက်တာ။ အဲ့နေက စပြီးဆရာမကို ဘာတစ်ခုမှ မမေးရဲတော့။ နားမလည်တာရှိလည်း မမေးရဲ။

ဒုတိယနေ့မှာတော့ ဆရာမက “နင်ကဒီလောက်ညံ့နေတာ။ ငါ့အိမ်မှာ ကျူရှင်လာတက်မှ စာလိုက်နိုင်မယ်။”တဲ့။
“ဆရာမရယ် သမီးတို့မိသားစုက လူများတော့ ကျူရှင်တက်ဖို့လခမတတ်နိုင်ပါဘူး” လို့ပြောခဲ့မိတယ်။
အဲ့နေ့က စာမရလို့ကြိမ်လုံးနဲ့ အချက် ၂၀ လောက် အရိုက်ခံခဲ့ရတယ်။ မှားတဲ့စာတွေ အကြိမ်”၁၀၀”ပြန်ပြင်ရေးခဲ့တဲ့။ ဆရာမက ကောင်းစေချင်လို့ရေးခိုင်းတာပဲ။ ရေးရမှာပေါ့လေ။

နောက်နေ့ကျွန်မလိုပဲ ကျူရှင်မတက်နိုင်တဲ့ကလေးတွေထဲမှာ အိမ်စာမပြီးတဲ့သူတွေ ဒါဏ်ပေးခံရတယ်။ စကပ်လှန်ပြီး အောက်ပိုင်းဗလာနဲ့ မိန်းကလေးတွေကို ကျောင်းတစ်ပါတ်ပါတ်ခိုင်းခဲ့တယ်။ တော်သေးတာပေါ့။ ကျွန်မတစ်ညလုံးမအိပ်ပဲ အိမ်စာတွေ အမှားတွေ အခေါက် ၁၀၀ ရေးလာလို့သာပေါ့။

ကျွန်မတို့ဆရာမက အတန်းထဲမှာ မုန့်လည်းရောင်းတယ်။ သူဌေးသမီးလေးတွေကတော့ ဝယ်စားနိုင်တာပေါ့ရှင်။ ကျွန်မကတော့ ဝယ်မစားနိုင်။ ပြီးတော့ အတန်းထဲမှာ အမြဲအဆူခံ။

ဆရာမကျူရှင်သင်တာကောင်းပုံရတယ်ရှင့်။ ကျူရှင်တက်တဲ့ကလေးတွေက အတန်းထဲမှာ အမှတ်ပြည့်အမြဲရတာပေါ့။ ကျွန်မကတော့ ဘယ်လိုကြိုးစားကြိုးစား အမှတ်ပြည့်မရနိုင်။ အိမ်ကမိဘတွေတောင် ဆူကုန်ကြပြီ။ နင်က အရမ်းညံ့တာပဲတဲ့။

အလယ်တန်းတက်တော့ စာညံ့တဲ့သူတွေ အားကစားမှာ ထူးချွန်အောင်ပြိုင်လို့ရပြီတဲ့။ ကျွန်မလည်း အားကျမခံဝင်ပြိုင်တာပေါ့။ အားကစားဝတ်စုံဆိုပြီး ကျောင်းအုပ်ဆရာမကြီးက သူ့ရုံးခန်းထဲမှာ ဝတ်စုံတွေဝယ်ခိုင်းတယ်။ လမ်းဘေးမှာရောင်းတဲ့အထည်မျိုးကို မတန်တဆဈေးတင်ထားမှန်းသိပေမယ့် ဒီလောက်တော့ရင်းရမှာပေါ့။ ပိုက်ဆံသိပ်မရှိပေမယ့် မျက်စိမှိတ်ဝယ်လိုက်တယ်။ ဒီလိုနဲ့ ညဘက်တွေပါကျောင်းမှာအိပ်ပြီး အားကစားပြိုင်ပွဲအတွက်လေ့ကျင့်ကြတယ်။ နောက်ဆုံးပြိုင်ပွဲမှာ ဆုရလာတော့ အရမ်းပျော်မိတယ်။ ကျောင်းအုပ်ဆရာမကြီးက ဆုကြေးကိုတော့ သင်တန်းဆရာတွေအတွက်သင်တန်းကြေးတွေပေးစရာရှိလို့သိမ်းသွားတယ်။ နင်တို့ဆုကြေးကနည်းနည်းလေးပါတဲ့။ ဟုတ်တာပဲလေ။ ပြိုင်ပွဲဝင်ပြိုင်တယ်ဆိုထဲက ဂုဏ်အတွက်ပဲပြိုင်တာ။ ငွေအတွက်မှ မဟုတ်တာ။

တစ်နေ့ကျတော့ သူငယ်ချင်းတစ်ယောက်နဲ့ ရင်ဖွင့်မိတယ်။ ကျွန်မက စာကိုဘယ်လိုကြိုးစားကြိုးစား အဆင့်သိပ်မကောင်းဘူးပေါ့။ လည်လည်ဝယ်ဝယ်ရှိတဲ့သူငယ်ချင်းကပြောတယ်။ မေးခွန်းတွေ အမှတ်တွေက ငွေနဲ့ဝယ်လို့ရတယ်တဲ့။ တချို့သူဌေးသမီးတွေကလည်း စာကူကျက်ပေးမယ့် အရမ်းတော်တဲ့ Guideတွေရှိတယ်ဆိုပဲ။ ကျွန်မကို စိတ်အားမငယ်ဖို့ အားပေးခဲ့တယ်။ ဆယ်တန်းမှာတော့ အကောင်းဆုံးကြိုးစားရင် အမှတ်အမြင့်ဆုံးဆေးတက္ကသိုလ်တောင်ဝင်နိုင်တယ်ပေါ့။
ဆယ်တန်းက ကျောင်းတွေစာရွက်လဲခြစ်တော့ လုံခြုံရေးပိုမြှင့်ထားလို့ အမှတ်တိုးချင်တိုင်းတိုးလို့မရဘူးတဲ့။ အရမ်းGreatကြီးဖြစ်မှသာ ငွေပေးပြီး ဆေးကျောင်းဝင်အောင်လုပ်လို့ရကြောင်းနဲ့ တော်ရုံတန်ရုံငွေပေးရုံနဲ့မရလို့ ကျွန်မတို့လိုကိုယ့်ထူးကိုယ်ချွန်သမားတွေအတွက် အခွင့်အရေးရှိကြောင်းပြောပြပါတယ်။

အဲ့ဒီအချိန်ကစပြီး စာပိုကြိုးစားခဲ့လို့ ဆယ်တန်းမှာ စာတော်တဲ့စာရင်းထဲဝင်လာခဲ့တယ်။ ဒါပေမယ့် ဆရာမတွေနဲ့အဆင်မပြေမှုကြောင့် လူကြီးစကားနားမထောင်တဲ့သူတစ်ယောက်ဖြစ်လာခဲ့တယ်။ ဒါပေမယ့်လည်း ကျွန်မကိုကျောင်းမထုတ်ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆယ်တန်းမှာ တကယ်စာကျက်တဲ့သူတွေရှိမှ ဂုဏ်ထူးရှင်တွေထွက်လာမှာလေ။ ဂုဏ်ထူးရှင်တွေများများရှိမှ နာမည်ကြီးကျောင်းဆိုတဲ့ဂုဏ်ကို ထိန်းနိုင်မှာမလား။ အဲ့တော့ ဒီကျောင်းသူဘယ်လောက်ဆိုးဆိုးမထုတ်ပါ။

နောက်ဆုံး မှန်းထားတဲ့အတိုင်းဆေးတက္ကသိုလ်တင်ခွင့်ရခဲ့တယ်။ ဆေးတက္ကသိုလ်မှာလည်း ကောင်းတဲ့သူကတစ်ဝက် မကောင်းတဲ့သူကတစ်ဝက်ရှိပါတယ်။ တပည့်မွေး ဆရာမွေးစနစ်တွေရှိပါတယ်။ အပြိုင်အဆိုင်များပြီး ရုပ်ပိုင်းဆိုင်ရာအားပေးမှုများတဲ့လောကထဲမှာ သင်ဟာ အခန့်မသင့်ရင် ဗီလိန်ကြီးဖြစ်နိုင်သလို။ အသေးအဖွဲပြစ်မှုလေးနဲ့ သေဒါဏ်ပေးခံရနိုင်တာပါပဲ။ ပိုင်ရင်တော့ ကြီးမားတဲ့ပြစ်မှုပင်ဖြစ်စေကာမူ တရားခံမရှိပါ။ ကျွန်မတို့လိုလူမျိုးတွေဟာ သတ်ကွင်းထဲမှာ အကြိမ်ကြိမ်သေဆုံးရဦးမှာပါပဲ။

Design a site like this with WordPress.com
Get started