အဆင့်မြင့်လူကုံထံအသိုင်းအဝိုင်းရဲ့နေထိုင်စားသောက်မှုဘဝပုံစံများ

သာမာန်လူတန်းစားတွေအထင်ကတော့ ချမ်းသာတယ်ဆိုတာ အိမ်ကောင်းကောင်းနဲ့ ကားအကောင်းစားစီးရုံလောက်ပါ။ ဒိတ်ဒိတ်ကြဲအရမ်းချမ်းသာသူတွေကတော့ အစစ အရာရာ နတ်စည်းစိမ်အလားခံစားရအောင် သုံးနိုင်ဖြုံးနိုင်ကြသူတွေပါ။ အံ့သြရလောက်အောင် ဘယ်လိုတွေလူနေမှုအဆင့်အတန်းမြင့်မားလဲဆိုတာ အဆုံးထိဖတ်ကြည့်ရအောင်။ (၁) ဌက်ပျောသီးကို ဇွန်းခရင်းနဲ့ ပန်းကန်ပေါ်တွင်အခွံခွာစားခြင်း ဟုတ်ပါတယ်။ တော်ဝင်မျိုးနွယ်လိုအိနြေ္ဒရှိလူတန်းစားများဟာ ဌက်ပျောသီးကိုတောင် သာမာန်လူလိုတောက် အခွံခွာပြီး ပါးစပ်ထဲအလုံးလိုက်ထည့်မစားပါဘူးတဲ့။ အတုံးသေးသေးလေးတွေဖြစ်အောင်တုံးပြီးမှ သုံးဆောက်ကြပါတယ်။ (၂) ကြက်သွန်ကဲ့သို့အနံ့ပြင်းအစားအသောက်များကိုရှောင်ခြင်း အရေးကြီးပုဂ္ဂိုလ်များနဲ့စကားပြောရင်း အနှောင့်အယှက်ဖြစ်မှာစိုးလို့ပါတဲ့။ (၃) ပညာရေးကုန်ကျစားရိတ် အကောင်းဆုံးဆိုတဲ့ကျောင်းတွေ တက္ကသိုလ်တွေမှာ ပညာသင်စားရိတ်က အနည်းဆုံး ၁နှစ်ကို မြန်မာငွေသိန်းရာကျော်မှ သိန်းထောင်ကျော်ကုန်ကျပါတယ်တဲ့။ သာမာန်လူတွေဟာ အကြွေးတင်သွားပေမယ့် လူကုံထံတွေအတွက်ကတော့ အသေးအဖွဲလေးပါပဲ။ (၄) ဇိမ်ခံကားများ လက်တွေ့ဘဝက လူကုံထံသူဌေးသမီးအချို့ဟာ ကားနဲ့အဝတ်အစားအရောင်နဲ့ကိုက်အောင်ဝတ်ကျပါသတဲ့။ တစ်နေ့တစ်မျိုးမထပ်အောင်ဝတ်နိုင်ပြီး လက်ဝတ်ရတနာများကိုပါမထပ်အောင် ဝတ်နိုင်ကြပါတယ်။ (၅) သိန်း၃၀၀ တန် Luxury Brandedလက်ဆွဲအိတ်နဲ့ဖိနပ်များ လက်ဆွဲအိတ် …

ရွှေကြေးစည်ခရီးသွားဝန်ဆောင်မှုလုပ်ငန်းအား ခရီးသည်များမှ ဝေဖန်တိုင်ကြားမှုများပြားလာ

ခရီးသည်တစ်ဦးတင်ထားသော Postမှာ အောက်ပါအတိုင်းဖြစ်သည်။ “ခရီးသွားသူများကို ဓါးနဲ့ထိုးချင်နေတဲ့ ဒရိုင်ဘာနဲ့ ဝန်ဆောင်မှုညံ့ဖျင်းတဲ့”ရွှေကြေးစည်”Agency စေတနာနဲ့သတိပေးချင်ပါတယ်။ သင်္ကြန်မှာ တခြားခရီးသည်ပို့ဆောင်ရေးတွေက လောဘသိပ်မကြီးပဲ လူနည်းနည်းပဲလက်ခံပြီး ဝန်ဆောင်မှုကောင်းကောင်းပေးတဲ့အချိန်မှာ “ရွှေကြေးစည်”ဟာ လူတွေရသမျှလက်ခံပြီး လူမဆန်တဲ့ဝန်ဆောင်မှုတွေ ပေးခဲ့ပါတယ်။ ကားမလုံလောက်လို့ “ဖြိုးမြတ်ပိုင်”ကုမ္ပဏီက ကားနံပါတ်”3N/3368″နဲ့အတူ Driver ကိုပါဌားပြီးပို့ခိုင်းပါတယ်။ (အဲ့ကားဟာအရင်ကလည်း ယာဉ်တိုက်မှုဖြစ်ဖူးပါသတဲ့။) Driverကလည်း “ပြည်-ပေါက်ခေါင်း” ကိုပဲ မောင်းဖူးတဲ့ Driverပါ။ ရန်ကုန်-မန္တလေး-ပြင်ဦးလွင်-ပုဂံ က အထင်ကရနေရာတွေကိုတောင် လုံးဝမသိပါဘူး။ (၁) ကားမောင်းရင်းနဲ့ အိပ်ငိုက်ပါတယ်။ (အကူယာဉ်မောင်း မရှိပါ) (၂) ခရီးသည်တွေကို မကြိုနိုင်ပဲ လမ်းမှာကျန်တဲ့သူကကျန် (၁ နေရာမှာ အုပ်စု ၁ စုဆီ ကျန်နေကြပါ) (၃) ည ၈ နာရီလာကြိုမယ်ဆိုပြီး ည ၁၂ နာရီမှ …

ကွန်မြူနစ်ဝါဒကျရှုံးရခြင်း၏အကြောင်းအရင်းများ

ယခုခေတ်တွင်လည်း ကွန်မြူနစ်စနစ်ကိုထောက်ခံသူတွေ ရှိပါသေးတယ်။ ကွန်မြူနစ်စနစ်ဟာ “အားလုံးကိုတန်းတူရည်တူထားရမည်”ဟူသော်လည်း အစွန်းရောက်ပြီး ဆိုးကျိုးများစွာခံစားခဲ့ရပါတယ်။ စည်းမရှိသောနိုင်ငံရေးသမားအချို့က နိုင်ငံတွင် လူအများစုက ဆင်းရဲပြီး ပညာမတတ်သူများပြားသည်ကို အခွင့်ကောင်းယူကာ နိုင်ငံရေးအမြတ်ထုတ်ရန်ကြိုးပမ်းခဲ့ကြသည်။ ဆင်းရဲပြီး ပညာမတတ်သူများက ဥပဒေများအားချိုးဖောက်ရင် မသိကျေးကျွန်ပြုခဲ့သည်။ လူမိုက်များဖြစ်အောင်မြှောက်ပေးပြီး ၄င်းတို့ဆင်းရဲရခြင်းဒုက္ခများအား လူချမ်းသာတို့ကြောင့်ဖြစ်သည်ဟုဆိုကာ လူချမ်းသာများကိုပြသနာရှာခိုင်းခဲ့သည်။ ထို့နောက်နိုင်ငံရေးသမားတို့က လူချမ်းသာတို့၏အလှူငွေများကိုကောက်ခံကာ သူတို့အိတ်ထဲကိုသာထည့်ခဲ့ကြသည်။ အများပြည်သူကောင်းစားစေချင်ရင် သူတို့အိတ်ထဲမထည့်ဘဲ ရပ်ရွာအကျိုးအတွက်အသုံးပြုရမည် မဟုတ်ပါလား။ တရားမျှတမှုဆိုသည်မှာ ဆင်းရဲချမ်းသာမရွေးပဲ နိုင်ငံဥပဒေချိုးဖောက်သူများကိုသာ အရေးယူရမည်ဖြစ်သည်။ ဆင်းရဲသူမှားရင် ဆင်းရဲသူခံရမည်။ ချမ်းသာသူမှားရင် ထိုသူခံရမည်။ သို့မှသာ တရားဥပဒေစိုးမိုးသည်။ ကွန်မြူနစ်ဝါဒအစွန်းရောက်လာသောအခါ ဆင်းရဲသူများက စည်းမရှိပဲလုပ်ချင်ရာလုပ်လာသောအခါ တရားဥပဒေစိုးမိုးမှုအားနည်းလာသည်။ သမာအာဇီဝနည်းဖြင့် ငွေဖြူနှင့်ချမ်းသာသောသူများကို နိုင်ငံမှချီးကျူးရမည်ဖြစ်ပြီး မသမာသောနည်းများနဲ့ချမ်းသာသူများကိုသာ အရေးယူရမည်ဖြစ်သည်။ သို့သော် ကွန်မြူနစ်ဝါဒအစွန်းရောက်လာသောအခါ သမာအာဇီဝနဲ့ကြိုးစားပြီးချမ်းသာလာသောလူတော်များကိုပါ နှိပ်ကွပ်ဖျက်ဆီးခဲ့ကြသည်။ ပညာတတ်လူတော်များမရှိသောအခါ နိုင်ငံလည်း အခြားနိုင်ငံနဲ့ယှဉ်ရင် …

လျှစ်လျှူရှုခြင်း ( ဘဝနေထိုင်မှုပညာ )

ခုခေတ်မှာ စိတ်မချမ်းသာတဲ့သူတွေများလာတယ်။ ကိုယ့်ပါကိုယ်ဘာဖြစ်လို့ဖြစ်မှန်းတောင် မသိကြဘူး။ ကိုယ်လက်တွေကိုက်ခဲပြီး အိပ်ရေးတွေမမှန်။ စားလို့လည်းမဝင်။ ဆေးခန်းသွားပြီး ရောဂါရှာတော့လည်း ဘာမှရေရေရာရာ မတွေ့ရင် သေချာပါပြီ။ စိတ်ညစ်ပြီး ပူပန်စိတ်တွေများနေတာပဲဖြစ်ပါတယ်။ ဒါဟာ အချိန်မီကုသသင့်ပါတယ်။ ရှက်စရာလည်းမဟုတ်ပါ။ ခုခေတ်လူတိုင်းနီးပါးခံစားနေရတာပါ။ လူတွေတင်းတိမ်ရောင့်ရဲမှု မရှိကြတော့ဘူး။ သိန်း ၅၀၀ ရှိတဲ့သူက သိန်း ၅၀၀၀ ရချင်တယ်။ သိန်း ၅၀၀၀ ရှိတဲ့သူက သိန်း ၅၀၀၀၀ ရချင်တယ်။ လောဘ+ဒေါသ+မောဟတွေများကြတဲ့အခါ စိတ်ကြည်လင်လန်းဆန်းမှု မရနိုင်တော့ဘူး။ ဒါတင်မကဘူး။ တက်ကျမ်းတွေ Motivationဖြစ်မယ့်စာတွေ ဖတ်တယ်။ ကိုယ့်ကိုကိုယ်ဘာထင်လာမလဲ။ ငါသာလျှင်ပထမရချင်လာမယ်။ လူတိုင်းအဲ့စိတ်ဖြစ်နေတဲ့အခါ ကောင်းမလား? ကိုယ့်ကိုကိုယ်ပဲချစ်တတ်လာမယ်။ သူတစ်ပါးဘက်ကို ဘယ်တော့မှ မစဉ်းစားပေးဘူး။ ဟော…မရှိလို့ ဈေးရောင်းစားနေတဲ့သူဆီက ဈေးနှိမ်ပြီး ကိုယ်အသာစီးရပြီးရောလုပ်မယ်။ ငွေမရှိ ပညာမတတ်လို့ဝန်ထမ်းလုပ်နေတဲ့သူတွေကို ငါက Customer …

ဒါ ဆရာမတဲ့လား (ဖြစ်ရပ်မှန်)

ဒီနေ့နာမည်ကြီးအစိုးရကျောင်းတွင် ကျောင်းစတက်ရမည်ဖြစ်၍ အပူအပင်မရှိပျော်ရွှင်နေမိတယ်။ ဗိုလ်ကတော် မူလတန်းဆရာမလေး “×××”ရဲ့ အတန်းတွင်တက်ရမည်ဟု အမေကပြောတယ်လေ။ ဆရာမကိုစတွေ့တွေ့ချင်း “အရမ်းချောတဲ့ဆရာမလေးပါလား။ သဘောကောင်းမယ့်ပုံပဲ”ဟု စိတ်ထဲမှတွေးထင်မိခဲ့တယ်။ ဆရာမက စစချင်းစာသင်ခဲ့တယ်။ ကျွန်မပဲ ဉာဏ်မကောင်းလို့နေမယ်။ ဘာတစ်ခုမှ နားမလည်။ ပြီးတော့ လေးထောင့်ကွက်အကြီးကြီးတွေမှာ ‘ဝ’လုံး အကြီးကြီးတွေရေးခိုင်းတယ်။ ဆရာမကို “သမီးကပုံမှန်လက်ရေးအရွယ်အစားရေးနေကျမို့။ ပုံမှန်ဆိုဒ်လေးပဲရေးလို့ရလား။” လို့မေးတော့ “နင်ကငါ့ကိုဆရာလုပ်တာလား”ဆိုပြီး လက်ဆစ်တွေရိုက်ပစ်တယ်။ အရမ်းနာပြီး ကြောက်လိုက်တာ။ အဲ့နေက စပြီးဆရာမကို ဘာတစ်ခုမှ မမေးရဲတော့။ နားမလည်တာရှိလည်း မမေးရဲ။ ဒုတိယနေ့မှာတော့ ဆရာမက “နင်ကဒီလောက်ညံ့နေတာ။ ငါ့အိမ်မှာ ကျူရှင်လာတက်မှ စာလိုက်နိုင်မယ်။”တဲ့။ “ဆရာမရယ် သမီးတို့မိသားစုက လူများတော့ ကျူရှင်တက်ဖို့လခမတတ်နိုင်ပါဘူး” လို့ပြောခဲ့မိတယ်။ အဲ့နေ့က စာမရလို့ကြိမ်လုံးနဲ့ အချက် ၂၀ လောက် အရိုက်ခံခဲ့ရတယ်။ မှားတဲ့စာတွေ အကြိမ်”၁၀၀”ပြန်ပြင်ရေးခဲ့တဲ့။ …

Design a site like this with WordPress.com
Get started