
ယခုခေတ်တွင်လည်း ကွန်မြူနစ်စနစ်ကိုထောက်ခံသူတွေ ရှိပါသေးတယ်။ ကွန်မြူနစ်စနစ်ဟာ “အားလုံးကိုတန်းတူရည်တူထားရမည်”ဟူသော်လည်း အစွန်းရောက်ပြီး ဆိုးကျိုးများစွာခံစားခဲ့ရပါတယ်။
စည်းမရှိသောနိုင်ငံရေးသမားအချို့က နိုင်ငံတွင် လူအများစုက ဆင်းရဲပြီး ပညာမတတ်သူများပြားသည်ကို အခွင့်ကောင်းယူကာ နိုင်ငံရေးအမြတ်ထုတ်ရန်ကြိုးပမ်းခဲ့ကြသည်။ ဆင်းရဲပြီး ပညာမတတ်သူများက ဥပဒေများအားချိုးဖောက်ရင် မသိကျေးကျွန်ပြုခဲ့သည်။ လူမိုက်များဖြစ်အောင်မြှောက်ပေးပြီး ၄င်းတို့ဆင်းရဲရခြင်းဒုက္ခများအား လူချမ်းသာတို့ကြောင့်ဖြစ်သည်ဟုဆိုကာ လူချမ်းသာများကိုပြသနာရှာခိုင်းခဲ့သည်။ ထို့နောက်နိုင်ငံရေးသမားတို့က လူချမ်းသာတို့၏အလှူငွေများကိုကောက်ခံကာ သူတို့အိတ်ထဲကိုသာထည့်ခဲ့ကြသည်။ အများပြည်သူကောင်းစားစေချင်ရင် သူတို့အိတ်ထဲမထည့်ဘဲ ရပ်ရွာအကျိုးအတွက်အသုံးပြုရမည် မဟုတ်ပါလား။
တရားမျှတမှုဆိုသည်မှာ ဆင်းရဲချမ်းသာမရွေးပဲ နိုင်ငံဥပဒေချိုးဖောက်သူများကိုသာ အရေးယူရမည်ဖြစ်သည်။ ဆင်းရဲသူမှားရင် ဆင်းရဲသူခံရမည်။ ချမ်းသာသူမှားရင် ထိုသူခံရမည်။ သို့မှသာ တရားဥပဒေစိုးမိုးသည်။ ကွန်မြူနစ်ဝါဒအစွန်းရောက်လာသောအခါ ဆင်းရဲသူများက စည်းမရှိပဲလုပ်ချင်ရာလုပ်လာသောအခါ တရားဥပဒေစိုးမိုးမှုအားနည်းလာသည်။
သမာအာဇီဝနည်းဖြင့် ငွေဖြူနှင့်ချမ်းသာသောသူများကို နိုင်ငံမှချီးကျူးရမည်ဖြစ်ပြီး မသမာသောနည်းများနဲ့ချမ်းသာသူများကိုသာ အရေးယူရမည်ဖြစ်သည်။ သို့သော် ကွန်မြူနစ်ဝါဒအစွန်းရောက်လာသောအခါ သမာအာဇီဝနဲ့ကြိုးစားပြီးချမ်းသာလာသောလူတော်များကိုပါ နှိပ်ကွပ်ဖျက်ဆီးခဲ့ကြသည်။ ပညာတတ်လူတော်များမရှိသောအခါ နိုင်ငံလည်း အခြားနိုင်ငံနဲ့ယှဉ်ရင် ချွတ်ခြုံကျလာသည်။
ထို့နောက် ဆင်းရဲချမ်းသာမရွေး အောင်မြင်ရန်အခွင့်အရေးပေးသည့် ကိုယ်တော်ရင်ကိုယ်ရမည့် ကိုယ်ကြိုးစားရင်ကြိုးစားသလောက်ရမည့် ဒီမိုကရေစီစနစ်သည် ပိုမိုအောင်မြင်ပြီး လက်ခံကျင့်သုံးသောနိုင်ငံများပြားလာခဲ့သည်။ ဒီမိုကရေစီစနစ်တွင် ဥပဒေစိုးမိုးမှုပိုမိုကောင်းမွန်လာပြီး နိုင်ငံများတိုးတက်လာခဲ့သည်။
